ရန်ကုန်၊ သင်္ကြန် အကြတ်နေ့က ကန်တော် ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့ တွင် ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်စဉ် အပြီး အများပြည်သူများနှင့် ထိတွေ့မှု များသော နေရာ များတွင် လုံခြုံရေး သတိ၊ လုံခြုံရေး အသိများ ရှိရန် ပိုမို ဆောင်ရွက် လာကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက် ထားရှိရာ ၌ ရှော့ပင်း စင်တာများ၊ ကစားကွင်း များနှင့် အများ ပြည်သူ နှင့် သက်ဆိုင်သော နေရာ များတွင် တိုးမြှင့် ဆောင်ရွက် ထားရှိပြီး မသင်္ကာမှုများ တွေ့ရှိပါက သက်ဆိုင်ရာ ဌာန များသို့အ ကြောင်းကြားရန် ညွှန်ကြား ချက်များ ထုတ်ပြန် ထားရှိကြောင်း သိရသည်။"ကျွန်တော်တို့ ဆီမှာက လုံခြုံရေးဝန် ထမ်းအပြင် CCTV ကင်မရာ တွေကိုလည်း စနစ် တကျ တပ်ဆင် ထားရှိ ပါတယ်။ လုံခြုံရေး ၀န်ထမ်းတွေ ကိုလဲ အရင်ထက် နှစ်ဆ တိုးမြှင့် ထားတယ်။ မိန်း ၀င်ပေါက်ကြီး တွေမှာ အဓိက ထားပြီး စစ်ဆေး တယ်။ လိုအပ်ရင် လိုအပ်သလို စစ်ဆေး မှုတွေ လုပ်တယ်။ သင်္ကြန် အပြီး ဆိုတော့ လူဝင် နည်းနေ သေးတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က တင်းတင်း ကျပ်ကျပ် ဆောင်ရွက် နေပါတယ်" ဟု သာကေတမြို့နယ်ရှိ Capital Supermarket မှ ကိုဝိုင်းချစ်ဦးက ဆိုသည်။
"သတင်းကြားကြားချင်း ကျွန်မတို့ လုံခြုံရေးကို တင်းတင်း ကျပ်ကျပ် ထောင့်စေ့ အောင်လုပ်တယ်။ အဓိက သန့်စင်ခန်းနဲ့ အမှိုက်ပုံး တွေကို စစ်ဆေးတယ်။ နောက်ပိုင်း အမှိုက်ပုံး တွေကို သိမ်းပစ် လိုက်တယ်။ အများ ပြည်သူ အတွက် လုံခြုံရေး သတိ အနေနဲ့ စစ်ပေမယ့် လူတိုင်းက မကြိုက် ကြဘူး။ မသမာ သူကတော့ ဘက်စုံက ၀င်လာနိုင် ပေမယ့် ပြည်သူတွေ လုံခြုံရေး သတိ၊ အသိတွေ ရှိနေမယ် ဆိုရင် ပိုကောင်း ပါတယ်။ သင်္ကြန်တွင်းတုန်း က ပြည်သူ့ ရင်ပြင် ပိတ်ထား ပေမယ့် ကျွန်မက ဖွင့်ထားတယ်။ စမ်းချောင်း မြို့နယ် ရဲစခန်းက လဲ အကူ အညီ ပေးပါတယ်" ဟု Happy Zone ခေတ်မီကစားကွင်း ပြည်သူ့ ရင်ပြင် အတွင်း ဒါရိုက်တာ မအိမ့်အိမ့်အောင် က ဆို သည်။
ရန်ကုန် မြို့တွင်း အနေဖြင့် ၂၀၀၅ မေ ၇ ရက်တွင် ဖြစ်ပွား ခဲ့သော ကုန်သွယ်မှု ဗဟိုဌာန၊ ရန်ကင်း စင်တာ နှင့် Junction 8 တို့၌ ပေါက်ကွဲမှု ဖြစ်ပြီး နောက်ပိုင်း လုံခြုံရေး အနေ အထား အထူး တိုးမြှင့် ဆောင်ရွက် ခဲ့သည့်တိုင် ယခုဖြစ်စဉ်မှာ အားနည်း မှုများ ရှိနေသေး ကြောင်း သိရသည်။ " အခု ချိန်ထိတော့ ဘာမှ လုပ်တာ မရှိ ဘူး။ အခုမှ တင်းတင်း ကျပ်ကျပ် လုပ်တာ မရှိသလို အရင ကတည်းက ကွင်းထဲမှာ လုံခြုံရေးက စနစ်တကျ လုပ်ထားပြီး သားပဲ။ ထူးထူး ခြားခြား ညွှန်ကြား ထားတာ မရှိသေးဘူး" ဟု မြန်မာ နေရှင်နယ်လိဂ် ပြန်ကြားရေး အရာ ရှိ ဦးစိုးမိုးကျော်က ပြောကြား ကြောင်း ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထား ပါသည်။
၂၈ . ၄ . ၂၀၁၀
|

0 comments:
Post a Comment