Navigation - link to other main sections from here


နိုင်ငံခြားငွေ နှင့် FEC လဲလှယ်ရေး ကောင်တာများ ရန်ကုန် နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် များတွင် စတင် ဖွင့်လှစ်


မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ် သော ကမ္ဘာလှည့် ခရီးသည်များ အဆင် ပြေစေရန် ရည်ရွယ်၍ နိုင်ငံပိုင် ဘဏ်များ အနေဖြင့် နိုင်ငံခြား ငွေ နှင့် FEC လဲလှယ် နိုင်သည့် ငွေလဲ ကောင်တာ များကို မြန်မာ ပြည်ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ် နှစ်ခုတွင် စတင် ဖွင့်လှစ် ထားရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိ ပါသည်။ နိုင်ငံခြားငွေ နှင့် FEC လဲလှယ်ရေး ကောင်တာ များကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့တွင် ဧပြီလ ၂ ရက်နေ့မှ စ၍ အဆိုပါ လေဆိပ်ရှိ သက်ဆိုင်ရာ ကောင်တာ များတွင် ဖွင့်လှစ် ထားရှိ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။


အဆိုပါ ငွေလဲ ကောင်တာများကို နိုင်ငံပိုင် ဘဏ်များ ဖြစ်သော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီး မြှုပ်နှံမှု နှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များ မှ ဖွင့်လှစ် ထားရှိ ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် နိုင်ငံခြား ငွေနှင့် FEC လဲလှယ် ရာတွင် ဗဟိုဘဏ်မှ ထုတ်ပြန် ထားသော လုပ်ထုံး လုပ်နည်းများ အတိုင်းသာ လဲလှယ် ရမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၇ ရက်နေ့ ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားသည်။


၅ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats