ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ နိုင်ငံတော်ပိုင် ဆိပ်ကမ်းများအား ပုဂ္ဂလိက သို့ လွှဲပြောင်း လုပ်ကိုင် ခွင့်များ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပေး လျက်ရှိရာ ပုဂ္ဂလိက လုပ်ကိုင်ခွင့် ရရှိသည့် ဆိပ်ကမ်းအား ပုဂ္ဂလိက မှ လွှဲပြောင်း ရယူ၍ လုပ်ငန်းများ ဆောင်ရွက် နေပြီ ဖြစ်ကြေင်း ဆိပ်ကမ်း အသိုင်း အ၀ိုင်းမှ သိရသည်။ ဗိုလ်အောင်ကျော်လမ်း ဆိပ်ကမ်း အား ပုဂ္ဂလိက မှ လွှဲပြောင်း လက်ခံခြင်း အခမ်း အနားအား မတ်လ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းများ ရပ်ဆိုင်းခြင်း မရှိဘဲ ပုံမှန် ဆက်လက် လည်ပတ်လျက် ရှိကြောင်း သိရသည်။ဆိပ်ကမ်း ၀န်ထမ်း အချို့ ကိုလည်း ဆက်လက် တာဝန် ထမ်းဆောင် စေလျက် ရှိကြောင်း သိရသည်။“မတ်လ ၂၆ ရက်က ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ အလွှဲ အပြောင်း အခမ်း အနား လုပ်တယ်။ လုပ်ငန်းတွေ ရပ် မထား ဘူး။ ဆက်လက် လည်ပတ် နေတယ်။ ယခင် ၀န်ထမ်း တစ်ဝက် ကိုလည်း ဆက်လက် တာဝန် ထမ်းဆောင် စေတယ်လို့ သိရတယ်” ဟု ဆိပ်ကမ်း အသိုင်း အ၀ိုင်း မှ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။ ရန်ကုန် ဆိပ်ကမ်းရှိ ဆိပ်ကမ်း များအား ပုဂ္ဂလိက လုပ်ကိုင် ခွင့်များ ခွင့်ပြု ပေးပြီးနောက် ပထမ ဦးဆုံး ဗိုလ်အောင်ကျော် ဆိပ်ကမ်း တစ်ခုသာ လွှဲပြောင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး ကျန် ဆိပ်ကမ်းများ လွှဲပြောင်း လုပ်ကိုင်ခြင်း မရှိ သေးကြောင်း သိရသည်။ ပုဇွန်တောင်ရှိ ညောင်တန်း ဆိပ်ကမ်း နှင့် မီးရထား စက်ခေါင်း စက်ရုံ အနီး ဆိပ်ကမ်း နေရာ များတွင်မူ လွန်ခဲ့သော နှစ်များ ကပင် ပုဂ္ဂလိက လုပ်ငန်း ရှင်များမှ ငါး၊ ပုဇွန် နှင့် ဒီဇယ် လုပ်ငန်း လုပ်ကိုင်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားသည်။
၅ . ၄ . ၂၀၁၀
|

0 comments:
Post a Comment