Navigation - link to other main sections from here


CDMA 800 MHz ငါးသိန်းတန် ဖုန်းများ နေ့ချင်းပြီး လျှောက် ထား ထုတ်ယူ နိုင်


CDMA 800MHz ငါးသိန်းတန် ဖုန်းများအား ဧပြီလ အတွင်းမှ စတင်ပြီး ရန်ကုန်မြို့၌ နေ့ချင်းအပြီး လျှောက်ထား ရယူ နိုင်ရန် အတွက် စီစဉ် နေပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ သတင်း နှင့် ဆက်သွယ်ရေး နည်းပညာ ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ပါသည်။ “ရန်ကုန်မှာ CDMA 800MHz ငါးသိန်းတန် စီဒီအမ်အေ ဖုန်းကို ဒီနေ့ လျှောက်ပြီး ဒီနေ့ သုံးလို့ ရအောင် အခုတည်းက လူတွေ ထပ်တိုး ချဲ့ပြီး စီစဉ် ဆောင်ရွက် နေပါပြီ။ ယခု လထဲမှာ လုပ်ပေး နိုင်အောင် ဆောင်ရွက် နေ ပါတယ်”ဟု ယင်းက ပြောသည်။ ယခု လက်ရှိတွင် ငါးသိန်းတန် ဖုန်းများအား စတင် လျှောက်ထား ပါက အနည်းဆုံး တစ်လကျော် ကြာမြင့်ပြီး ဖုန်း သုံးစွဲခွင့် ကျလာ ပါက ထုတ်ယူရန် ငါးရက်ခန့် ကြာမြင့် ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ ထားသည်။


၅ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats