မြန်မာ နိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် တရားဝင် မှတ်ပုံ တင်ထားသည့် နိုင်ငံရေး ပါတီ များ၏ ပါတီ တံဆိပ်ဖြင့် အလံတံ ဆိပ်ရိုက်ခြင်း၊ ပါတီ အင်္ကျီ တံဆိပ် ရိုက်ခြင်း များကို တံဆိပ်ရိုက် လုပ်ငန်းများထံ အပ်နှံကြရာ တံဆိပ်ရိုက် လုပ်ငန်းရှင် များက ပါတီ ခွင့်ပြုချက် ရရှိပြီး မှသာ လက်ခံမည် ဖြစ်ကြောင်း ယင်း လုပ်ငန်းများ ထံမှ သိရသည်။ လက်ရှိ အချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း အလံ များ နှင့် ယင်း အသင်း တံဆိပ်ရိုက် အင်္ကျီများ၊ ဦးထုပ်များသာ အလုပ် ဖြစ်ကြောင်း နှင့် လူမှုရေး အဖွဲ့ အစည်းများ အတွက် တံဆိပ်ရိုက် ပေးခြင်းများ အများဆုံး လုပ်ပေး ရကြောင်း ရန်ကုန်မြို့မှ တံဆိပ်ရိုက် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
''အခုချိန် မှာတော့ ကြိုပြီး ပြင်ဆင်စရာ မလိုသေး ပါဘူး။ ပါတီ အားလုံး တရားဝင် ခွင့်ပြုချက် ရပြီးမှပဲ ပြင်ဆင် စရာ ရှိတာ ပြင်မှာပါ။ အဲဒီ အချိန်ကျ ရင်တော့ ပါတီ အားလုံး နဲ့ တံဆိပ်ရိုက် လုပ်ငန်းတွေ တရားဝင် လုပ်ကိုင်လို့ ရမှာပါ'' ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။ နိုင်ငံရေး ပါတီ များသည် ၄င်းတို့ ပါတီ တံဆိပ် ပါသော အင်္ကျီများ၊ အလံများ၊ ပဝါ များကို အခမဲ့ ကမ်း၍ မဲဆွယ် စည်းရုံးခဲ့ ဖူးကြောင်း ယခင် ရွေးကောက်ပွဲများကို ကြုံတွေ့ ဖြတ်သန်း ခဲ့သူ ရန်ကုန်မြို့မှ အသက် ၈ဝ ခန့်အရွယ်ရှိ အမျိုးသားကြီး တစ်ဦးက ဆိုကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
၆ . ၄ . ၂၀၁၀
|

0 comments:
Post a Comment