Navigation - link to other main sections from here


သင်္ကြန် ကာလ အတွင်း ထော်လာဂျီ များဖြင့် ရေကစားခြင်း မပြုရန် မန္တလေးတွင် တားမြစ်


သင်္ကြန် ကာလ အတွင်း ယာဉ်မောင်း သူများ လိုက်နာရန် အချက် များကို ထုတ်ပြန် ထားရှိရာ ထော်လာဂျီ ယာဉ်များကို အသုံးပြု၍ ရေကစားခြင်း မပြုရန် တားမြစ်ချက် ထုတ်ပြန် ထားကြောင်း သိရှိ ရပါသည်။ ထို့အတူ ပြုပြင်ဆဲ ယာဉ်များဖြင့် လည်း ရေကစားခြင်း မပြုရန် နှင့် မော်တော်ယာဉ် များတွင် နိုင်ငံခြား အလံ နှင့် တံဆိပ်များ တပ်ဆင် မောင်းနှင်ခြင်း၊ ညစ်ညမ်းသော စာသား၊ ဆိုင်းဘုတ်၊ ပန်းချီ နှင့် မသင့် လျော်သော ပစ္စည်းများ ချိတ်ဆွဲခြင်း စသည့် အချက်များ အပါ အ၀င် စည်းကမ်းချက် ၉ ချက်ကို မန္တလေးတိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန် ထားကြောင်း သိရသည်။ မော်တော် ဆိုင်ကယ် များတွင် အိတ်ဇော ဖြုတ်၍ အသံ ကျယ်လောင်စွာ စီးခြင်း၊ နံပါတ်ပြား မပါရှိဘဲ မောင်းနှင်ခြင်း၊ ပြိုင်မောင်းခြင်း၊ ယာဉ်ကြော ပြောင်းပြန် မောင်းနှင်ခြင်း၊ သတ်မှတ် အရေ အတွက်ထက် လူပို တင်၍ စီးနင်းခြင်းများ မပြုလုပ်ရန် သတ်မှတ် ထားကြောင်း Weekly Eleven တွင်ဖော်ပြ ထားပါသည်။


၆ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats