
“ကျွဲရိုင်းတို့၊ လစ်ပိုတို့ဆိုတာ ပြင်ပ နိုင်ငံက ဝင်လာတာ၊ အရင်တုန်းက အားပြည့် စေတယ်၊ အိပ်ချင်စိတ် ပျောက်စေတယ် ဆိုပြီး သောက်ကြတယ်။ နောက်ကျတော့ သက်ဆိုင် ရာက တင်သွင်း ရောင်းချမှုကို တားမြစ် လိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နှစ်လယ်လောက် ကစပြီး ဆိုင်တွေမှာ မသိ မသာနဲ့ ပြန်လည် ရောင်းချ လာတာ တွေ့ရတယ်” ဟု ဗိုလ်တထောင်မြို့နယ်နေသူ တစ်ဦးက ပြော၍ သိရသည်။ အဆိုပါ အချိုရည် များတွင် သောက်သုံးရန် မသင့်သော စိတ်ကြွ ဆေးနှင့် ဆင်တူသည့် အရာများဖြင့် ထည့်သွင်း ထားခြင်း ဖြစ်ပြီး လက်ရှိ သိမ်း ဆည်းခဲ့သည့် အချိုရည် ဘူးများတွင် သက်တမ်း ကာလပင် ကျော်လွန် နေသော အချိုရည် ဘူးများ ပါဝင် နေကြောင်း သိရသည်။
ရှာဖွေ ဖော်ထုတ် သိမ်းဆည်းခြင်း လုပ်ငန်းအား အဆိုပါ အချိုရည် ဘူးများ တင်သွင်း ဖြန့်ချိ ရောင်းချသည့် သတင်း ရရှိသည်နှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့မှ လိုက်လံ သိမ်းဆည်းသည့် ပုံစံဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ လဆန်းမှ စတင်၍ ယခု အချိန်ထိ စဉ်ဆက်မ ပြတ် ရှာဖွေ ဖော်ထုတ် သိမ်းဆည်းလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြ ထားပါသည်။ ၂၃ . ၄ . ၂၀၁၀
|

0 comments:
Post a Comment