Navigation - link to other main sections from here


တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား


ဧပြီလ ၁၇ ရက် နံနက် ၃ နာရီ အချိန် ခန့်တွင် မေခ-မလိခ မြစ်ဝှမ်း မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းတွင် မိုင်း ၁၀ လုံး ပေါက်ကွဲ ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။ အဆိုပါ ပေါက်ကွဲ မှုသည် တမံ တည်ဆောက်ရေး ရှင်းလင်းဆောင် အပါ အ၀င် စီမံကိန်း နေရာ လေးနေရာတွင် မိုင်း ပေါက်ကွဲ ခဲ့ကြောင်း၊ ပေါက်ကွဲ မှုကြောင့် အမျိုးသား တစ်ဦး မှန်ကွဲစများ ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ယာယီ အဆောက်အဦ နှစ်လုံး နှင့် မော်တော်ယာဉ် ခြောက်စီး ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ထို့အပြင် မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် တိုးဂိတ်တွင် သင်္ကြန် အကျ နေ့က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့သည်။ လူကို ထိခိုက်မှု မရှိသော်လည်း တိုးဂိတ် ပျက်စီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃) စစ် ဆေးရေး ဂိတ် (မြ၀တီ အထွက် ခင်နိမ်းမူဂိတ်) အနီး တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ၌ လူသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သင်္ကြန် အကြတ်နေ့တွင် ရန်ကုန် ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး နှစ်ဆန်း တစ်ရက်နေ့ မြစ်ဆုံတွင် ပေါက်ကွဲမှု အပါအ၀င် ဗုံးပေါက်ကွဲမှု စုစုပေါင်း လေးမြို့တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

၂၃ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats