အဆိုပါ ဖြစ်စဉ် နှင့် ပါတ်သက်ပြီး အထည်မျိုးစုံ ရောင်းချ နေသည့် မဇာခြည်က “ကျမ ဈေးရောင်းတာ တစ်နှစ်ကျော် ရှိပြီ၊ အယင်တုန်း ကတော့ စာ လာကပ်တာပဲ ရှိတယ်၊ လကုန်ရင် အခန်း ပြောင်းပါ၊ ဘာညာ ပေါ့နှော၊ ဒီနေ့ ကျတော့ ညနေ ဈေးဖွင့် ကတည်းက ဈေးဝယ်မယ့် လူတွေ တစ်ယောက် မှ ရောက် မလာခဲ့ဘူး၊ အစပိုင်း ကတော့ သိပ် မဝေးတဲ့ စီးလုံ နေရာမှာ ဆန္ဒပြပွဲ မှာ ပစ်ကြ ခတ်ကြ လို့ လား၊ အဲဒီလို ထင်ခဲ့တာ၊ ဘယ်ဟုတ် မလဲ ညနေ ဈေးဖွင့် ကတည်းက ကားဝင်တဲ့ ဂိတ်ပေါက် တွေကို ဈေး လုံခြုံရေး တွေက ပိတ်ထားတာ တွေ့ရတယ်၊ အဲဒီတော့မှ ထိုင်းလူမျိုး ဈေးဆိုင် ပိုင်ရှင် တွေက အခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။ မြေပိုင်ရှင်က မောင်းထုတ် တော့လည်း မတတ်နိုင်ဘူး ပေါ့ရှင်”ဟု ပြောသည်။
ပြီးခဲ့သည့် ညဥ့်က နောက် ၁၅ ရက်သာ ဆက်လက် ဈေးရောင်း ချခွင့် ပြုတော့မည် ဖြစ်ကြောင်း ဈေး အုပ်ချုပ်ရေးမှူး ရုံးမှ အသံချဲ့ စက်ဖြင့် မြေပိုင် ရှင်မှ ကြေညာ ခဲ့သည်။ ပြီးမှ ဈေးအုပ်ချုပ်ရေးရုံးမှ မေလ ၇ ရက်နေ့ မှ ရောင်းရ မလား ဈေးဖျက် ရမလား အဖြေ ပေါ်မည် ဖြစ်ကြောင်း ကြေညာ သွားသည်။ ထိုင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အရောင်း အ၀ယ် ပါးသည်မှာ တစ်လကျော် ခဲ့ပြီး ဖြစ်သည်။ အထည်မျိုးစုံ ရောင်းသည့် ကိုမျိုးနိုင်က “ တစ်ည တစ်လေ ဈေးဦး မပေါက် တာတောင် ရှိတယ်၊ ဒီနေ့ တော့ ဆန္ဒ ပြကြမယ်လို့ ပြောတယ်။ မြေပိုင်ရှင်က အငှါး သက်တမ်း ကုန်ပြီး ကတည်းက ပြောင်း ပေးဖို့ ဈေး ကန်ထရိုက် ကုမ္ပဏီကို ပြောနေတာ ကြာပြီ၊ ဈေး ဆိုင်ခန်း ပိုင်ရှင် ကုမ္ပဏီ က ပြောင်း မယ် ၊ နေရာသစ် ရှာအုံး မယ်လို့ ပြောရင်း ပြောရင်း ကြာကြာ လာတော့ မြေပိုင်ရှင် ကသည်း မခံနိုင်တော့လို့ အခုလို ဖြစ်လာတာ၊ ကျနော်တို့တော့ အခက် အခဲ ဖြစ်တာ ပေါ့ဗျာ” ဟု ပြောသည်။
အဆိုပါ လုံမ္ပနီ ညဈေး အတွင်း ဈေး အကူရောင်း မြန်မာ အလုပ်သမားများ တစ်ရာ ကျော်ခန့် ရှိသည်။ ဤ ဈေး အတွင်း ဈေးဆိုင်ပေါင်း ၃၇၀၀ ကျော် ရှိပြီး ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော် လက်ရှိ ဖွင့်လှစ် ရောင်းချ နေပြီး နိုင်ငံခြားသားများ အမြဲေ ဈးဝယ် သဖြင့် အထူး စည်ကားသည့် ညဈေးကြီး အဖြစ် ထင်ရှားသည်။
၂၄ . ၄ . ၂၀၁၀ | ကိုကျော်သောင်း (ဘန်ကောက်)
|

0 comments:
Post a Comment