
''ဒီ ခေါင်းလောင်း ကြီးကို ကြေးချိန် လင်္ကာ ဖြစ်တဲ့ (သံသာမြည်ဟိန်းသည်) ပိဿာချိန် ၆၆၅၆၆ လို့ ဆိုပေမယ့် တကယ် သွန်းလောင်း လို့ရှိရင် ကြေးပိဿာ ၁၀၀ ဖြည့်ပြီး ၆၆၆၆၆ အလေးချိန် ရှိအောင် သွန်းလောင်းပြု လုပ်သွား မှာပါ။ ဒါ့အပြင် ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ မော်စကိုက ခေါင်းလောင်းကြီးဟာ အသံမြည်ခြင်းမရှိဘူးလို့ သိပါတယ်။ ဒီခေါင်းလောင်းကြီးကို အသံ သာအောင်လို့ ပညာရှင် တွေနဲ့ တွက်ချက်ပြီး သွန်းလောင်း ပြုလုပ် သွားမှာပါ''ဟု ဓမ္မာ လင်္ကာရ ကျောင်းတိုက်မှ တိုက်အုပ် ဆရာတော် အရှင် ဇေယျသေနက မိန့်ကြား ပါသည်။ ယင်း ခေါင်းလောင်းကြီးကို လာမည့် ၂၀၁၁ ခုနှစ် (၁၃၇၂ ခု တပေါင်းလ) အတွင်း၌ သွန်းလောင်း နိုင်ရန် စီစဉ်လျက် ရှိပြီး ယခုအချိန်မှ စ၍ ကြေးများကို စတင် စုဆောင်းလျက် ရှိကြောင်း နှင့် ခန့်မှန်းခြေ အားဖြင့် ကျပ် သိန်း တစ်သောင်းကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိကမ္ဘာပေါ် တွင် သွန်းလောင်းပြီး ခဲ့သမျ ခေါင်းလောင်း များအနက် အကြီးဆုံး မှာ ၁၄၈၄ ခုနှစ်က မြန်မာ နိုင်ငံ၌ သွန်းလုပ် ခဲ့ သည့် တန်ချိန် ၃၀၀ ရှိ ဓမ္မစေတီ ခေါင်းလောင်းကြီး ဖြစ်သော်လည်း ယင်း ခေါင်းလောင်းကြီးမှာ ရေအောက်တွင်နစ်မြုပ်လျက် ရှိသည့် အတွက် ကုန်းပေါ်ရှိ ခေါင်းလောင်း များတွင် ရုရှနိုင်ငံ မော်စကိုမြို့တော် ကရင်မလင်ရှိ ခေါင်းလောင်းကြီးမှာ ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်း ဖြစ်လာခဲ့သည်။ အဆိုပါေ ခါင်းလောင်း ကြီးမှာ တန်ချိန် ၁၆၀ ရှိ၍ အကောင်း ပကတိ အတိုင်း ရှိမနေဘဲ ခေါင်းလောင်း၏ အောက်ခြေတွင် ပဲ့ထွက် နေကြောင်း Weekly Eleven တွင်ဖော်ပြ ထားပါသည်။
၆ . ၄ . ၂၀၁၀
|

0 comments:
Post a Comment