လျှပ်စစ်မီး မရရှိ နိုင်သော ဒေသ များတွင် တစ်နေ့ကျပ် ၁၅၀ ဖြင့် ၁၅ နာရီကြာ အထွန်း ခံသော LED မီးအိမ် ငှားရမ်း ပေးသည့် ဝန်ဆောင် မှုကို တစ် နိုင်ငံလုံး တွင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း M.A. W Electronic မှ ၃၁-၃-၂၀၁၀ ရက်တွင် သိရသည်။ အဆိုပါ စနစ်မှာ LED မီးအိမ် ကို ဘက်ထရီဖြင့် တွဲသုံး ရသော စနစ် ဖြစ်ပြီး LED မီး အိမ်တွင် မီးသီး ၂၈ လုံး ပါဝင် သဖြင့် ဖယောင်းတိုင် ၃၄ တိုင်စာ အလင်းအား ရှိကာ ၁၅ ပေ၊ ပေ ၃၀ ပတ်လည် အထိကို အလင်းအား ဖြန့်ကြက် ပေးနိုင်ကြောင်း သိရသည်။ “ မီးအိမ် ငှားရမ်း ပေးတဲ့ စနစ် ဆိုတာက ကျွန်တော်တို့ ကိုယ်စားလှယ် ပေးထားတဲ့ ဆိုင်က နေ့စဉ် နံနက် ပိုင်းမှာ ဘက်ထရီ အားဖြည့်ပြီး ညနေမှာ သုံးမဲ့ အိမ်တွေကို လိုက်ပို့ ပေးတာပါ။ကုန်ကျ စရိတ်ကို အနည်းဆုံး ဖြစ် အောင် သတ်မှတ် ပေးထား ပါတယ်။ ဒီလို ဆောင်ရွက် ပေးရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ လျှပ်စစ်မီး မရ နိုင်တဲ့ ကျေးလက် ဒေသ တွေရဲ့ စွမ်းအင် လိုအပ်ချက်ကို တစ်ဖက် တစ်လမ်းက ပါဝင် ဖြည့်ဆည်း ပေးချင် လို့ပါ” ဟု M.A. W Electronic မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ LED မီးအိမ်ကို ၆ ဗို့၊ 4AH ရှိ ဘက်ထရီ အသေး စားဖြင့် တွဲဖက် အသုံး ပြုရကြောင်း သိရသည်။ အဆိုပါ LED မီးအိမ် ငှားရမ်းခြင်း စနစ်ကို ရန်ကုန်မြို့၊ ဒဂုံတောင်/မြောက်လမ်းဆုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်၊ လှည်းကူး၊ မှော်ဘီ၊ ပဲခူးတိုင်းအတွင်းရှိ ဖြူး၊ တောင်ငူ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး-ကြံခင်း၊ ပြည်နှင့် ဧရာဝတီတိုင်းတွင် မြောင်းမြ၊ မအူပင်၊ ကျိုက်လတ်၊ ပန်းတနော်၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ အမ်းတို့၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၈ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။
၆ . ၄ . ၂၀၁၀
|

0 comments:
Post a Comment