မဏ္ဍပ် ဆောက်လုပ်ခွင့် ရပြီးသော သူများ အနေဖြင့် သင်္ကြန် တက်ပြီး သုံးရက် အတွင်း မဏ္ဍပ်များအား အပြီး အစီး သပ်ရပ်စွာ ဖျက်သိမ်း ရမည်ဖြစ်ပြီး သင်္ကြန် ကာလ အတွင်း စည်းကမ်း လိုက်နာမှု မရှိသော မဏ္ဍပ် များအား အာမခံ စပေါ်ငွေ အားလုံး သိမ်းဆည်း သည်အထိ အရေးယူ သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းအပြင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခြင်းကြောင့် လမ်းသား စင်္ကြန် နှင့် ရေမြောင်းများ ပျက်စီးမှု ဖြစ်ပေါ် ပါက ပြန်လည် ပြင်ဆင်ရန် အတွက် ပျက်စီးမှု အတိုင်း အတာ အလိုက် ကျသင့် တန်ဖိုး ငွေအား အင်ဂျင်နီယာဌာန (လမ်း/တံတား) သို့ ပေးသွင်း ရမည် ဖြစ်ကြောင်း သိရသည်။ယခုနှစ် အတွက် သင်္ကြန် မဏ္ဍပ်များ လျှောက်ထား ရာတွင် ယမန်နှစ် က အမည်ပျက် စာရင်း တင်သွင်း ခံထား ရသည့် မဏ္ဍပ်များအား ခွင့်ပြုမည် မဟုတ်ဘဲ ဆောက်လုပ်ခွင့်ရ မဏ္ဍပ်များ အနေဖြင့်လဲ မိမိမဏ္ဍပ်မှ နေ့စဉ် ထွက်သော စက္ကူ၊ ပလတ် စတစ်စ များနှင့် ကြွပ်ကြွပ်အိတ်၊ ဘူးခွံ၊ ပုလင်းခွံစသည့် အမှိုက်များကို တာဝန်ယူ ရှင်းလင်း ပေးသွားရမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် အတွက် မဏ္ဍပ် အရွယ် အစားမှာ မဏ္ဍပ် မျက်နှာဖွင့် အကျယ် ၂၅ ပေ အောက်ကို မဏ္ဍပ် အသေး၊ ၂၅ ပေ အထက် မဏ္ဍပ် အလတ် နှင့် ပေ ၅၀ အထက်ကို မဏ္ဍပ်အ ကြီးဟု သတ်မှတ် ထားကြောင်း၊ မဏ္ဍပ်ကြီးများ အတွက် မျက်နှာဖွင့် အကျယ်မှာ ပေ ၁၀၀ ထက် မပိုရန် ညွှန်ကြား ထားကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၇ . ၄ . ၂၀၁၀
|

0 comments:
Post a Comment