Navigation - link to other main sections from here


ခိုလှုံရာမဲ့ ကလေးများ အစီရင်ခံ စာထုတ်ဝေ


ဘန်ကောက်မြို့ နိုင်ငံခြား သတင်း ထောက်များ ကလပ်တွင် ဖရီးဘားမား ရိမ်းဂျား အဖွဲ့ က ခိုလှုံရာမဲ့ ကလေးများ အစီရင် ခံစားကို ယနေ့ ထုတ်ဝေ လိုက်သည်။ နိုင်ငံ တကာ ဆောင်ရွက်ရေး ဆိုင်ရာ အဖွဲ့ အစည်း များက အခက် အခဲ ကြုံတွေ့ နေရသော မြန်မာ ကလေးငယ် များအား စောင့်ကြည့် လေ့လာ မေးမြန်း ချက်များကို Free Burma Ranger အဖွဲ့ က စာမျက်နှာ ၁၀၇ မျက်နှာပါ အစီရင် ခံစာနှင့် အတူ ဓါတ်ပုံများ ၊ ဗွီဒီယိုရိုက်ကွက်များကို စီဒီခွေ များ နှင့် ပူးတွဲ ထုတ်ဝေဖြန့် ချိခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့ ၏ ပြောရေး ဆိုခွင့် ရှိသူ ကိုမန်းကီးက “အစိုးရက သတ်မှတ် ထားတဲ့ အနက်ရောင်၊ အနီရောင် နယ်မြေ တွေမှာ ကျနော်တို့ သွားလာ လှုပ်ရှား ကြပါတယ်၊ စစ်ပွဲမှာ ဒဏ်ရာ ရတဲ့ လူတွေကို ကျနော်တို့ ဆေးဝါး ကုသ ပေးတယ်၊ စားစရာတွေ၊ ၀တ်စရာတွေ ပေးကမ်း ပါတယ်၊ ပြီးတော့ အသိ ပညာတွေ အတတ် ပညာ တွေကိုလည်း သင်ကြား ပြသ ပေးပါတယ်၊ ကျနော်တို့ရဲ့ ကူညီ ယိုင်းပင်း မှုကြောင့် ကျနော်တို့ကို ဒေသခံ တွေက သားသမီးတွေ လို ကာကွယ် စောင့်ရှောက် ပေးပါတယ်၊ အကူ အညီတွေ အပြန် အလှန် ရရှိပါတယ်” ဟု ပြောသည်။

အစီရင် ခံစာတွင် ပထမဦးဆုံး ဖေါ်ပြ ထားသည်မှာ ပြည်တွင် ဒေသမှ ဖိအား အမျိုးမျိုးကြောင့် မိခင် နယ်မြေ ဒေသ တို့ကို စွန့် ခွာပြီး ထွက်ပြေး လာရသော ကလေးများ၏ ခံစား ချက်များ နှင့် အတွေ့ အကြုံများကို ဖေါ်ပြ ထားသည်။ နအဖ စစ်သား မျာက သူတို့ ၏ အုပ်ချုပ်သော ဒေသတွင်း နှင့် အပစ်ခတ် ရပ်စဲရေး ဒေသ များတွင်၎င်း၊ ပုန်းကွယ် နေရသည့် ဒေသ များတွင်၎င်း ကလေးများ အပေါ် ဖိနှိပ် မှုများကို အဓိက ဖေါ်ပြ ထားသည်။ အစီအရင်ခံစာ တွင် ကလေး သူငယ်များ ကိုယ်တိုင် မြင်တွေ့  ခဲ့ရသော တရား မျှတမှု မရှိသည့် သတ်ဖြတ် မှုများ ဖိနှိပ် ညှင်းပန်း မှုများ၊ ဖမ်းဆီး ထောင်သွင်း အကျဉ်းချ မှုများ၊ မုဒိမ်း ကျင့်ခြင်းများ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုများ အဓ္ဓမ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲမှုများ၊ ကလေး စစ်သား အဖြစ် အတင်း အကျပ် စေခိုင်း မှုများ၊ အခြေခံ လူ့အခွင့် အရေး များ အပေါ် ချိုးဖေါက် ခံရ မှုများ၊ ဆင်းရဲ မွဲတေ မှုကြောင့် ရောင်းစား ခံရမှုများ၊ ကျောင်းနေခွင့် မရခြင်းများ၊ ကျမ္မာရေး စောင့်ရှောက်မှု မရရှိခြင်းများ ပါဝင်သည်။

ပြည်တွင်းမှ အကြောင်း အမျိုးမျိုးကြောင့် ထွက်ပြေး လာရသည့် ကလေး များသည် လုံခြုံမှု မရှိခြင်း၊ အကူ အညီများ ကင်းမဲ့ခြင်း စသည်တို့ ကြုံတွေ့ နေရကြောင်း အစီရင် ခံစာတွင် ရေးသား ထာသည်။ ကိုမန်းကီးက ဆက်လက် ပြောပြ ရာတွင်“ကျနော်တို့က ပြည်သူတွေနဲ့ အတူ ရှိပါတယ်၊ ပြည်သူတွေ နဲ့ အတူ အသက်လုပြီး ထွက်ပြေး ရပါတယ်၊ ကျနော်တို့ အချိန် မရွေး အသတ် ခံရ နိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ စွန့်စားပြီး လုပ်နေ ကြတာ ဖြစ်ပါတယ်၊ ကျနော်တို့ ဒီလို လုပ်နေတဲ့ အတွက် မသေသင့်တဲ့ လူတွေ မသေ တော့ဘူး၊ ဘာမှ မသိတဲ့ အနေ အထား ကနေ ကျနော်တို့ ပြောပြတဲ့ အတွက် သိလာ တတ်လာတွေ ရှိပါတယ်၊ အင်္ဂလိပ် မက်ရှင် တစ်ဦးရဲ့ ကောင်းမှု ပေါ့လေ” ဟု ပြောသည်။

ဤအဖွဲ့ ကို နအဖ အစိုးရက နယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအား အကြီး အကျယ် ထိုးစစ် ဆင်နွဲစဉ် ၁၉၉၇ ခုနှစ်က လူထု လိုအပ်ချက် အရ ပေါ်ပေါက် လာရခြင်း ဖြစ်ဟု ဆိုသည်။ Free Burma Ranger အဖွဲ့ နာမည်ဖြင့် မြန်မာ နယ်စပ် ဒေသတိုင်းတွင် အဖွဲ့ ပေါင်း တစ်ရာကျော် ကွန်ယက် ဖြန့်ကျက် လှုပ်ရှားလျှက် ရှိကြောင်း ပြောပြသည်။ အချိန်ပြည့် တာဝန် ထမ်းဆောင် နေသော အဖွဲ့ မှာ ၅၂ ဖွဲရှိသည်။ရှမ်း၊ ကရင်၊ ရခိုင်၊ လာဟူ၊ ပအို့ဝ်၊ ချင်း၊ ကချင် အပါ အ၀င် လူမျိုးစုပေါင်း ၁၀ ခုနှင့် ဖွဲ့ စည်း ထားကြောင်း Free Burma Ranger အဖွဲ့ ခေါင်းဆောင်S teve Gumaer က ပြောဆို သွားသည်။

ထိုသို့ အချက် အလက် အတိ အကျ ခိုင်ခိုင် မာမာ ရရှိရေး အတွက် အချိန် အတန် ကြာအောင် စွန့်စား လုပ်ဆောင် ခဲ့ရပြီး မှ ယခုကဲ့သို့ ထုတ်ဖေါ် ပြရခြင်း ဖြစ်ကြောင်း ပြောခွင့်ရ အမျိုးသမီး Amanda Carroll ကလည်း ရှင်းလင်း ပြောဆို သွားသည်။ ဤ အစီရင်ခံ စာထုတ်ဝေသည့် သတင်းစာ ရှင်းလင်း ပွဲသို့ ဘန်ကောက် အခြေစိုက် မြန်မာ သတင်းဌာန အချို့ နှင့် နိုင်ငံတကာ သတင်း ဌာနတို့က သတင်း ထောက်များ၊ လေ့လာ သူများ တက်ရောက်ခဲ့ ကြသည်။

၇ . ၄ . ၂၀၁၀ | ကိုကျော်သောင်း (ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats