ကုလားတန်မြစ်ကမ်း စစ်တွေမြို့ ကမ်းနား လမ်းပိုင်း မြေနိမ့်ပိုင်း မြို့ သူကြီး ရပ်ကွက် နှင့် ရွှေပြား ရပ်ကွက် များ၌ မိုးရာသီ ရေကြီး ရေလျှံ မှုနှင့် ရေလှိုင်း ကြီးများ ၀င်ရောက် လာမှုမှ ကာကွယ်ရန် အတွက် စစ်တွေ ဆိပ်ကမ်း အာဏာပိုင်မှ ပေ ၁၀၀၀ ကျော် အရှည်ရှိ ရေကာတာကြီး တစ်ခု တည်ဆောက် နေကြောင်း သိရသည်။ ရခိုင် ကမ်းရိုးတန်း တစ်ခုလုံး၌ စစ်တွေ လွင်ပြင် ဒေသမှာ ပင်လယ် ရေမျက် နှာပြင် နှင့် လူနေ ကုန်းမြေ ကွာဟမှု အနည်း ဆုံးသော ဒေသ တစ်ခု ဖြစ်ကြောင်း သိရ သည်။
အဆိုပါ မြေနိမ့် ပိုင်းရပ်ကွက် နှစ်ခု အတွင်း မိုးရာသီ၌ ရေကြီး ရေလျှံ မှုနှင့် ကုလားတန် ရေလှိုင်းကြီးများ ၀င်ရောက်ရိုက် ပုတ်မှုကြောင့် ကမ်းနားတန်း နေအိမ် အချို့ မှာ ပျက်စီး မှုများ ရှိကြောင်းလည်း သိရ သည်။ တည်ဆောက် နေသော ရေကာ တာမှာ မျောတိုင်များ စီတန်း စိုက်ထူ ခြံရံ ပြီး အလယ်၌ ကျောက်များ လောင်းထည့် ကာ တည်ဆောက်လျက် ရှိရာ ရေကြီးရေ လျှံမှု နှင့် ရေလှိုင်းကြီးများ ၀င်ရောက်လာမှုမှ အထိုက် အလျောက် ဟန့်တား ထိန်းချုပ်ထား နိုင်မည် ဖြစ်သည်။
"မိုးရာသီ မိုးကြီး ပြီဆိုရင် ကျွန်တော်တို့ ရပ်ကွက် တွေမှာ ရေကြီး ရေလျှံလေ့ ရှိပါတယ်။ ကမ်းနားတန်း အိမ်ခြေ အချို့ တွေက ရေလှိုင်းကြီးတွေ ၀င်ရောက် ရိုက်ပုတ် မှုကြောင့် ပျက်စီး မှုတွေလဲ ရှိတယ်"ဟု မြို့သူကြီး ရပ်ကွက် ကမ်းနားပိုင်းနေ အမျိုး သား တစ်ဦးက ပြောကြောင်း ရန်ကုန်တိုင်း(မ်) တွင် ဖော်ပြ ထားပါသည်။
၈ . ၄ . ၂၀၁၀
၈ . ၄ . ၂၀၁၀
|

0 comments:
Post a Comment