.jpg)
ထို့ကြောင့် အလုပ် သမား ၀န်ကြီးဌာန အနေဖြင့် အလုပ်သမားများ၊ ၀န်ထမ်းများ ၏ ရုံးပိတ်ရက် ခံစားခွင့် နှင့် ရုံးပိတ်ရက် အတွင်း ဆောင်ရွက် ရသော လုပ်ငန်းရပ်များ အတွက် တစ်နေ့ လုပ်ခ လစာ၏ နှစ်ဆ ရရှိ ခွင့်တို့ကို နစ်နာ မှုများ မဖြစ်ပေါ်စေရန် အထက်ပါ ဥပဒေအား ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရ အကျုံးဝင်သော လုပ်ငန်း များမှာ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆိုင်များ၊ အလုပ် ဌာနများ အားလုံး ပါဝင်ကြောင်း သိရ သည်။ အလုပ်သမား ဝန်ကြီး ဌာန၊ အလုပ်ရုံ နှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီး ဌာနမှ ၁၉၅၁ ခုနှစ် ခွင့်ရက် နှင့် အလုပ် ပိတ်ရက် အက်ဥပဒေ အရ အကျုံး ဝင်သော ဝန်ထမ်း များမှာ သက်ဆိုင်ရာ လုပ်ငန်း၊ ဌာန များမှ လစာပေး၍ ခန့်အပ် ထားသော ဝန်ထမ်း အားလုံး ပါဝင်ကြောင်း သိရသည်။
အထက်ပါ ဥပဒေ ပြဋ္ဌာန်းချက် နှင့် အညီ ထုတ်ပြန် ထားသော ဥပဒေ များမှာ အကျုံး ဝင်သော လုပ်ငန်းများ အားလုံး နှစ်သစ်ကူး ရုံးပိတ်ရက် များကို ခံစားခွင့် ရရန်၊ အဆိုပါ ရုံးပိတ် ရက်များတွင် မဟာ သင်္ကြန် အကျနေ့ (၁၄-၄-၂၀၁၀) မှ နှစ်ဆန်း တစ်ရက်နေ့ (၁၇-၄-၂၀၁၀) အထိ အကျုံး ဝင်သည့် လုပ်ငန်း ဌာနများ မှ အလုပ် သမား များအား မဖြစ်မနေ အများ ပြည်သူ အလုပ် ပိတ်ရက် အဖြစ် ပေးရန်၊ အဆိုပါ နှစ်သစ်ကူး ရုံးပိတ်ရက် များတွင် လုပ်ငန်း လိုအပ်ချက် အရ အလုပ် လုပ်ကိုင်ရန် လိုအပ်ပါက သက်ဆိုင်ရာ ၏ ခွင့်ပြုချက်ကို ကြိုတင် ရယူပြီး၊ အလုပ်သမား၏ ဆန္ဒမပါဘဲ ခိုင်းစေခြင်း မပြုရန် နှင့် အလုပ် သမား များ၏ တစ်ရက် လုပ်ခ လစာ နှစ်ဆ (မဖြစ်မနေ) ပေးရန် တို့ဖြစ်ကြောင်း သိရသည်။
၇ . ၄ . ၂၀၁၀
|

0 comments:
Post a Comment