
၂၀၁၀ ပြည့်နှစ် အတွင်း ရွှေတိဂုံ စေတီတော် တွင် နိုင်ငံခြားငွေ ရရှိ မှုမှာ ဆယ်စုနှစ် ကာလ အတွင်း စံချိန်တင် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံ စေတီတော်သို့ ပြည်ပ နိုင်ငံ များမှ ၀င်ရောက် ရာတွင် နိုင်ငံခြားသား တစ်ဦးလျှင် ၀င်ကြေး အဖြစ် ငါးဒေါ်လာ သို့မဟုတ် 5FEC ကောက်ခံလျက် ရှိရာ တစ်နှစ်လျှင် နိုင်ငံခြား ငွေများစွာ ရရှိခဲ့ပြီး ယခု ၂၀၁၀ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ နှင့် မတ် ၁၅ ရက်အထိ နှစ်လခွဲ ကာလ တွင် နိုင်ငံခြားသားဝင် ရောက်မှု စာရင်း အရ ၁၀ နှစ်တာ ကာလ အတွင်း ထက် များပြား နိုင်သောကြောင့် နိုင်ငံခြားငွေ ရရှိမှု မှာ လည်း များပြား နိုင်မည် ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ သိရသည်။ ရွှေတိဂုံ စေတီတော်၌ ရှေးယခင်က နိုင်ငံခြားသား တစ်ဦးလျှင် ငါးဒေါ်လာ သို့မဟုတ် 5 FEC ၊ ကင်မရာ တစ်လုံးလျှင် သုံးဒေါ်လာ သို့မဟုတ် 3FEC ကောက်ခံ ခဲ့ရာ ၂၀၀၇ ခုနှစ်မှ စ၍ ကင်မရာခွန် ကောက်ခံခြင်း မရှိတော့ဘဲ ၀င်ကြေးသာ ကောက်ခံလျက် ရှိကြောင်း ရန်ကုန်တိုင်း(မ်) တွင် ဖော်ပြ ထားပါသည်။
၂ . ၄ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment