
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ကုက္ကိုဝ ချောင်းအနီး မြေဧက ၂၅၀ အကျယ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော်တန် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို လေးလ အတွင်း စတင် အကောင် အထည်ဖော် တည်ဆောက်မည် ဖြစ်ကြောင်း ထူး ထရေးဒင်း ဂရု(ပ်) ဒါရိုက်တာ ဦးစိန်ဦးက ပြောသည်။ စက်ရုံ တည်ဆောက် မှုကို နှစ်နှစ် ခွဲအတွင်း အပြီး တည်ဆောက် ရန်နှင့် စက်မှုဇုန် သုံးခု ဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း စက်မှုဇုန် တို့သို့ ဖြန့်ဖြူး သွားမည် ဖြစ်သည်။"တည်ဆောက်မှု ပြီးတာနဲ့ စက် တစ်လုံး လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အတွက်ကို ၁၃၅ မဂ္ဂါဝပ် ပေးနိုင်ပြီး နောက် ခြောက်လ အတွင်းမှာ ကျန်တဲ့ ပမာဏကို ဖြန့်ဖြူး နိုင်မှာ ဖြစ်တယ်"ဟု ဦးစိန်ဦးက ပြောသည်။
အဆိုပါ စက်ရုံ တည်ဆောက် ခြင်းနှင့် လျှပ်စစ် ဖြန့်ဖြူးခြင်း တို့ကို တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်းစနစ် (BOT) ဖြင့် ထူးထရေးဒင်း နှင့် တရုတ်နိုင်ငံ China Huaneng Lancang River Hydropower Co., Ltd တို့က ဆောင်ရွက်မည် ဖြစ်သည်။ ကျောက်မီးသွေး ကုန်ကြမ်းကို စစ်ကိုင်းတိုင်းရှိ ကလေးဝမှ အပြင် အာဆီယံ နိုင်ငံ များမှလည်း တင်သွင်း သွားမည် ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ အမှတ် (၂၃ ၊ အမှတ် ၄၅၉) တွင် ဖော်ပြ ထားသည်။
၂ . ၄ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment