ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာ မှုကြောင့် ထိခိုက် ပျက်စီး နိုင်ဖွယ် ရှိသော နေရာကို ဖော်ပြမည့် မြေပုံ တစ်ခုကို ရေးဆွဲလျက် ရှိကြောင်း သိရ သည်။ မကြာမီ ကမ္ဘာကြီး ပူနွေး မှု၏ နောက်ဆက်တွဲ ဖြစ်သော ရေခဲများ အရည်ပျော် မှုများကြောင့် ပင်လယ်ရေ မျက်နှာပြင်မှာ လာမည့်နှစ် အနည်းငယ် အတွင်း မှာပင် ကျိန်းသေ မြင့်တက် လာနိုင်မည်ဟု ကမ္ဘာ့ ပညာရှင် အသီးသီး တို့က ထုတ်ပြန်ချက် အမျိုးမျိုးဖြင့် သတိပေး လုပ်ဆောင် နေပြီ ဖြစ်သလို မြန်မာ နိုင်ငံ တွင်လည်း ပြည်တွင်း ပညာရှင် များက ပျက်စီး ဆုံးရှုံးမှု လျော့ပါး စေမည့် အစီ အမံများကို ကြိုတင် လုပ်ဆောင် နိုင်ရေး မြေပုံ ရေးဆွဲ ကြခြင်းလည်း ဖြစ်သည်။“ အခုထက် နှစ်မီတာ အမြင့်လောက် ပင်လယ်ရေ မြင့်တက လာတဲ့ အခါ ပျက်စီး နိုင်မယ့် အခြေ အနေတွေ အတွက် မြေပုံ ရေးဆွဲ နေပြီ ဖြစ်ပါတယ်။ ရေလုပ်ငန်း စက်ရုံတွေ အနေနဲ့ ကြိုတင် ပြင်ဆင မလား၊ နေရာ ပြောင်းမလား ဆိုတာကို စီစဉ် ရမှာ ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီး ဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးမြသန်းထွန်း က ပြောပြသည်။ သဘာဝ ဘေးအန္တရာယ် များနှင့် ပတ်သက်၍ မြန်မာ နိုင်ငံတွင် ကြိုတင် စီမံ ခန့်ခွဲမှု ဆိုင်ရာ သင်တန်း များကို လုပ်ဆောင် နေလျက် ရှိသလို သက်ဆိုင်ရာ နယ်ပယ် အသီးသီး မှ ပညာရှင် များကလည်း မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ် အလိုက် ထိခိုက် မှုမှ ကြိုတင် ပြင်ဆင် နိုင်မည့် အစီ အမံ များကို လုပ်ဆောင် ကြရာတွင် ဘေးအန္တရာယ် သတိပေး မြေပုံ များ၏ အခန်း ကဏ္ဍမှာ အရေးပါလာလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၂ . ၄ . ၂၀၁၀
|

0 comments:
Post a Comment