Navigation - link to other main sections from here


တစ်ထောင်တန် ငွေစက္ကူ အတု အား ၀ယ်ယူ ၍ ရွှေဝယ်ရန် ကြံသူ ဖမ်းဆီး အရေးယူ


ရန်ကုန် - မန္တလေး အဝေးပြေး ကားလမ်း ပေါ်ရှိ ရတနာဝင်း ရွှေဆိုင်၌ မသင်္ကာဖွယ် ငွေစက္ကူ သစ်များဖြင့် ရွှေဝယ်ရန် လာသူ နှစ်ဦး အကြောင်း ဆိုင်ရှင် မှ ၀မ်းတွင်း ရဲစခန်းသို့ အကြောင်း ကြားခဲ့၍ စုံစမ်း စစ်ဆေးမှု ပြုရာ ဖေဖေါ်ဝါရီ ပထမပတ် အတွင်း အဆိုပါ မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရတနာဝင်း ရွှေဆိုင်သို့ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးက တစ်ထောင် ကျပ်တန် ငွေစက္ကူ အတုများ ပေးချေ၍ ရွှေဆွဲကြိုး ၀ယ်ယူ ရန် ပြုခဲ့ကြောင်း၊ ဆိုင်ရှင်က ပေးချေသော ငွေများကို မသင်္ကာ ဖြစ်ကာ ရွှေဆွဲကြိုး မရောင်း ခဲ့ကြောင်း သိရပြီး ထို အမျိုးသား နှင့် အမျိုးသမီး တို့မှာ မိတ္ထီလာ မှ ထွက်ခွာ သွားသော၊ ဗန္ဓုလမှန်လုံ ၁ခ/xxxx ဖြင့် မန္တလေးဘက်သို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိ သဖြင့် ဆက်လက် လိုက်လံ ခဲ့ရာ ရန်ကုန် - မန္တလေး ကားလမ်း ကိုင်း တံတားတွင် အဆိုပါ ကားကို တွေ့မြင်ပြီး တစ်ဦးချင်း စစ်ဆေး မှုများ ပြုလုပ် ခဲ့သည်။

ထိုသို့ စစ်ဆေး ရာတွင် သူရအေးသိန်း (၂၄နှစ်) မန္တလေးမြို့၊ ၃၁ လမ်းနှင့် ၈၈ x ၈၉ လမ်းကြား နေသူ နှင့် ၄င်း၏ ဇနီး မနီလာစန်း (၂၇နှစ်) တို့အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များက ရှာဖွေ ခဲ့ရာ ကျပ် တစ်ထောင်တန် အစစ် ၆၃ ရွက် နှင့် တစ်ထောင်တန် အတု ၁၂၈ ရွက်ကို ရှာဖွေ သိမ်းဆည်း ရမိ ခဲ့သည်။ မန္တလေးမြို့နေ ဇော်ဦး (ခ) ကျော်ဦး ထံမှ တစ်ထောင်တန် အတု ရွက်ရေ ၂၀၀ အား သိမ်းဆည်း ရမိ ခဲ့ပြီး အရွက်ရေ ၂၀၀ အား ငွေကျပ် သုံးသောင်းဖြင့် ၀ယ်ယူ ရရှိ ခဲ့ကြောင်း သိရှိ ရသဖြင့် ဇော်ဦးအား ဖမ်းဆီး နိုင်ခဲ့သည်။ နီလာထွန်း နေထိုင်ရာ ကူမဲ - အုန်းကုန်း ကျေးရွာရှိ နေအိမ်တွင် ၀ှက်ထားသော တစ်ထောင်တန် အတု ရွက်ရေ ၇၀ ကို လည်း သိမ်းဆည်း ရမိခဲ့သည်။ ၄င်းဖြစ်စဉ် နှင့် ပတ်သက်၍ ၀မ်းတွင်း ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၂၇/၂၀၁၀ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၈၉ (ခ) (ဂ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်း ရရှိ ပါသည်။

၁ . ၄ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats