
"စာနယ်ဇင်း သမားတွေ အနေ နဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ ပြန်ကြားရေး သမားများ အဖြစ် သတင်းမှန် တွေကို ကမ္ဘာကို သိစေဖို့ တာဝန် ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်" ဟု ဒေါက်တာဆူရင်က ပြောကြားသည်။
"အာဆီယံ ဒေသတွင်း စာနယ်ဇင်း သမား တွေရဲ့ အရည်အသွေး တိုးတက် လာဖို့အတွက် ဒီအာဆီယံ အတွင်းရေးမှူးချုပ်ရုံး မှာ မီဒီယာ ဆိုင်ရာ အစီ အစဉ် တွေကို မကြာခဏ စီစဉ် ဆောင်ရွက် ပေးနေ ပါတယ်"ဟု ၎င်းက ပြောသည်။
သုံးရက်ကြာ အဆိုပါ အစီ အစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတွင် ကျင်းပ ခဲ့ခြင်း ဖြစ်ကာ အာဆီယံ ၁၀ နိုင်ငံ အပြင် ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံ တို့မှ မီဒီယာ သမားများ တက်ရောက် ခဲ့ကြကြောင်း မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ အမှတ် (၂၃ ၊ အမှတ် ၄၅၉) တွင် ဖော်ပြထားသည်။
၁ . ၄ . ၂၀၁၀
|

0 comments:
Post a Comment