ယခုလ အတွင်း ရန်ကုန် တစ်မြို့လုံး နီးပါး ၌ မီးလာချိန် မမှန်၊ မီးပျက် မှုများသည့် အတွက် ရေတင်ရန် ခက်ခဲ ခြင်းကြောင့် မီးစက်ဖြင့် ရေ အငှား လိုက်တင် သူများ အနေဖြင့် လုပ်ငန်း သွက်လာကြောင်း သတင်း ရရှိသည် ။ ရဲရွာ ရေအား လျပ်စစ် စီမံကိန်း မှ တာဘိုင် တစ်လုံး စတင် လည်ပတ်ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တွင် တစ် ရက်လျင် ၁၈ နာရီ နှုန်းဖြင့် မီးရရှိ ခဲ့ကြောင်း၊ သို့သော် ထိုသို့ ၁၈ နာ ရီနှုန်းဖြင့် ပုံမှန် ရရှိ ခဲ့သည်မှာ ရက် အနည်းငယ်သာ ရှိခဲ့ကြောင်းလည်း ရန်ကုန် မြို့နေ ပြည်သူ များက ဆိုသည်။ ထိုသို့ မီး ပျက်တောက် မှုများပြား လာသည့် အတွက်လည်း မီးကို စောင့်မျော်၍ ရေတင်ခြင်းထက် နာရီဖြင့် အငှား ရေတင်၍သာ အသုံးပြု နေရကြောင်းလည်း သိရသည်။''မီးစက်နဲ့ လိုက်ပြီး အငှားတင် တာရှိတယ်။ အစ ရက်တုန်းက တစ်နာရီကို အောက်ထပ် ဆိုရင် ၄၀၀၀ ကျပ်၊ အပေါ် ထပ်ဆိုရင် ၅၀၀၀ ကျပ် ပေးရတယ်။ အခု တစ် နာရီကို ၇၀၀၀ ကျပ် အထိ ဈေးတက် သွားတယ်။ မီးကို စောင့်ပြီး တင်ရတာ အိပ်ရေးပျက်တာလည်း များနေပြီ၊ ရေလည်း မရဘူး ဆိုတော့ အငှားပဲ တင်ရ တာပေါ့'' ဟု ရန်ကုန် မြို့နေ ပြည်သူ တစ်ဦးက ရှင်းပြ ခဲ့ပါသည်။ ရေ အငှားတင်ခြင်း မရှိသည့် မြို့နယ် များတွင်မူ ရေ သန့်ဗူး ၀ယ်ယူ အသုံး ပြုလျက် ရှိပြီး တစ် ဗူးလျင် ၄၀၀ ကျပ် မှ ၅၀၀ ကျပ် အထိ အကုန် အကျခံ သုံးစွဲကာ အခက် အခဲကို ဖြေရှင်း နေရသည် ဟုလည်း လှိုင်မြို့နယ် အတွင်း နေထိုင်သူ တစ်ဦးက ပြောကြား ခဲ့ပါသည်။
ရန်ကုန်မြို့ရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ များသို့ ဓာတ်ငွေ့ ပို့လွှတ် နေသော ပိုက်လိုင်း တစ်ချို့ ပြန်လည် ပြင်ဆင် နေသည့် အတွက် လျပ်စစ်မီး ပြတ်တောက်မှု များလာရ ခြင်း ဖြစ်ကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၁ . ၄ . ၂၀၁၀
|

0 comments:
Post a Comment