၂၀၀၉ အတွင်း သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ်ကြား တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားပြီး SSA ထက် နအဖ စစ်တပ် ၅ ဆ ပိုသေဆုံးကြောင်း ၁၀ ကြိမ်မြောက် ညီလာခံတွင် တာဝန် ရှိသူ များက ထည့်တွင်း တင်ပြခဲ့သည်။ “အစည်းအဝေးမှာ တာဝန်ရှိ တပ်မှူး / အရာရှိတွေက မိမိတို့နဲ့ ဆိုင်တဲ့ လုပ်ငန်း အသီးသီး တင်ပြ ကြတယ်။ အနှစ်ချုပ် တိုက်ပွဲ အစီရင်ခံ ကတော့ တိုက်ပွဲမှာ SSA တစ်ယောက် ကျဆုံးယင် ဗမာတပ်က ၅ ယောက် သေတယ်တဲ့”- ဟု အစည်းဝေးတက် ရောက်သူ ချင်းမိုင် သျှမ်းလူငယ်တဦးက ပြောပါသည်။
၂၀၀၈ နိုဝင်ဘာ မှ ၂၀၀၉ အောက်တိုဘာအထိ နအဖ နှင့် သျှမ်းပြည်တပ်မတော်အကြားတိုက်ပွဲကြီး/ငယ် အကြိမ် ၅၀ တွင် နအဖတပ် မှ ၇၁ ယောက်သေ၊ သျှမ်းပြည်တပ်မတော်ဘက်မှ ၁၄ ယောက် ဟုဆို၏။ “တိုက်ပွဲက ကေအဲန်ယူ တို့လို နေ့တိုင်းတော့မဖြစ်ဘူး။ ၂၀၀၉ အတွင်း နအဖဘက် အထိနာတဲ့ တိုက်ပွဲတွေဆိုရင် -မေ ၂၁ က လဲချား - မိုင်းကိုင်ကြား နောင်လိုင် တပ်စခန်း တိုက်ပွဲမှာ နအဖ စခန်း ထိုင်တဲ့သူ အကြပ်တပ်သား အားလုံး သေတယ်။ မေ ၂၅ ရက်က ခွဲထွက်ဗိုလ်မှူးကြီးမိုင်းဇင့် အပါအ၀င် နအဖ စရဖ အရာရှိတွေ သေတယ်။ နောက်တိုက်ပွဲတခုက လဲချား - မိုင်းနောင် ကြားတိုက်ပွဲမှာ နအဖဘက် ၁၁ ယောက် ပွဲချင်းပြီး သေတယ်”- ဟု ထည့်သွင်း တင်ပြ ခဲ့ကြောင်း လေ့လာသူ အဖြစ် ညီလာခံ တက်ရောက်သူ တဦးက ပြောပါသည်။
ဇန်န၀ါရီ ၁၅ မှ ၁၈ အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/သျှမ်းပြည်တပ်မတော် SSA ၁၀ ကြိမ်မြောက် ညီလာခံတွင် အသက် ၁၈ မှ ၄၅ နှစ်အထိ သျှမ်းပြည်သားတိုင်း ၅ နှစ် စစ်မှုမထမ်းမနေရ ပေါ်လစီရှိသော်လည်း အမျိုးသမီး များနှင့် ၁၈ အောက် ကလေးများကိုမူ စစ်မှုထမ်းခြင်းလုံးဝမပြုရ၊ မိမိဆန္ဒအရ၀င်ရောက်လာသည့်အသက်မပြည့်ကလေး များ ကိုလည်း ရွေးခြယ်ရာလမ်းမပေးဘဲ စာသင်ကျောင်းသို့ ပို့ဆောင်ပြီး ပညာဆက်လက်ဆည်းပူးစေ၏။ စစ်မှု မထမ်း မနေရ ၅ နှစ် သက်တမ်းလည်း ထည့်တွက်မည်မဟုတ်ဟု ပြောဆိုသည်။
၂၁ . ၁ . ၂၀၁၀ l သျှမ်းသံတော်ဆင့်
|

0 comments:
Post a Comment