Navigation - link to other main sections from here


ရှမ်းပြည်လူငယ် ဒီမိုကရက်တစ် အင်အားစုများ မှ တိုင်းရင်း သား ပြည်သူလူထု အားလုံးသို့ ပန်ကြားလွှာ ပေးပို့


ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများမှ ယနေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူ လူထု အားလုံးသို့ ပန်ကြားလွှာ ပေးပို့ကြောင်း သတင်း ရရှိသည်။ထိုပြန်ကြားလွှာ ပေးပို့သည့် လှုပ်ရှားမှု နှင့် ပတ်သက်ပြီး ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစု ၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလုံမှ ဟံသာဝတီ သို့ အခု လို ပြောပြပါတယ်။ကျွန်တော်တို့ အခုလို လှုပ်ရှားမှု လုပ်တဲ့ ရည်ရွယ် ချက်ကတော့ ပြည်သူ့ အာဏာကို မတရား ရယူ ထားတဲ့ နအဖ စစ်အုပ်စုဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုခြင်း မရှိပဲ သူတို့အာဏာတည်မြဲရေး၊ ကြိုးကိုင် ခြယ်လှယ် ရေးကို သက်ဆိုးရှည်စေမယ့် လမ်းပြမြေပုံကိုသာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီဖြစ်ပါတယ် အခုလက်ရှိ အချိန်ကာလဟာ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာ အတွက် သေရေး ရှင်ရေး တမျှ အရေးကြီး နေတဲ့ အချိန် ကာလလဲ ဖြစ် ပါတယ် တိုင်းရင်းသား ပြည်သူများဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို နအဖစစ်ခေါင်းဆောင်တွေရဲ့ သေးသိမ်နုံချာတဲ့ သဘောထား အတိုင်း အဖြစ်ခံလို့ မရပါဘူ့း သက္ကရာဇ် (၂၀၁၀) ရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့ ဆန္ဒသဘောထား အတိုင်းသာ ဖြစ်စေရမယ် ဆို သည့် ရည်ရွယ်ချက်တွေ နှင့် ပြုလုပ်ရခြင်း ကြောင်း ပြောပြပါတယ်။

ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများမှ ယနေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူ လူထု အားလုံးသို့ ပေးပို့သော ပန်ကြားလွှာ ကို ရှမ်းပြည်နယ် ၏ အဓိက မြိုတော်များ ဖြစ်သည့် တောင်ကြီး ၊ လားရှိုး ၊ ကျိုင်းတုံ မြို့များကို အဓိက ထားပြီး ပြန်ကြားလွှာ (၇၀၀) ကျော်ကို ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။


ထို ပြန်ကြားလွှာ လက်ခံ ရရှိသော တောင်ကြီးမြို့မှ မြို့ခံ တစ်ဦးက လည်း ဒီနေ့ မနက် ၆ နာရီလောက်မှာ လူရွယ် (၃) ယောက်က အန်တီတို့ကို စာတွေ လာပေးတယ် အဲဒီစာကို ဖတ်ကြည့်လိုက်တော့ စစ်အစိုးရကို ပြည်သူ အားလုံး တညီ တညာတည်း လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင် လမ်းကြောင်း ပေါ်ကနေ ဆန့်ကျင် တိုက်ခိုက် နိုင်ဖို့ ရေးထားတာ ကိုတွေ့ရတယ်။ ယခုလို ရှမ်းလူငယ်တွေ အပျော်မမက်ဘဲ တိုင်းပြည် အကောင်း ဘက်ကို ရောက်ရှိဖို့ ကြိုးစား တာကို အန်တီတို့ အနေနဲ့ ထောက်ခံတယ် လို့ ဟံသာဝတီကို ယခုလို ပြောပြသွားပါတယ်။


ယနေ့ ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုများမှ တိုင်းရင်းသား ပြည်သူလူထု အားလုံးသို့ ပေးပို့ သော ပန်ကြားလွှာ တွင် စစ်အစိုးရကို ပြည်သူ အားလုံး တညီ တညာတည်း လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင် လမ်းကြောင်း ပေါ်ကနေ ဆန့်ကျင် တိုက်ခိုက် နိုင်ဖို့ လိုအပ်သည့် ဆိုသည့် အကြောင်း နှင့် နအဖ စစ်အာဏာရှင် လက်အောက် ဆင်းရဲတွင်း ကနေ အားလုံး လွတ်မြောက် ပြီး မတရား ဖိနှိပ် ချုပ်ချယ် မှုတွေကနေ ကင်းဝေးရမယ် ဆိုတဲ့ ယုံကြည်ချက်တွေကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားပြီး မဆုတ်မနစ်တဲ့ ဇွဲလုံ့လ၊ တည်ကြည်မြဲမြံတဲ့ ယုံကြည်ချက်၊ ဖြောင့်မတ်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို အကောင်အထည် ဖော်ဆောင်ရွက် ကြရန် ရေးသား ထားသည်။


ရှမ်းပြည်လူငယ်ဒီမိုကရက်တစ်အင်အားစုအဖွဲ့အား ၂၀၀၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ပေါင်း များစွာဖြင့် စစ်အစိုးရအား ဆန့်ကျင်နေသော အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။

၂၅ . ၁ . ၂၀၁၀ l HTWD

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats