Navigation - link to other main sections from here


ဟာသ သရုပ်ဆောင် ကိုဇာဂနာ ၏ မနက်ဖြန် မှာ ကျရောက် မည့် ၄၉ နှစ်မြောက် မွေးနေ့ပွဲအလှူအား မြန်မာနိုင်ငံ သုခမ ပညာသည်များ အစည်းအရုံး မှ ယနေ့ ပြုလုပ်


၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၌ အင်းစိန် ထောင်တွင်း ခရိုင် တရားရုံး က အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှုပေါင်း ၈ မှုဖြင့် စွဲဆိုကာ သူ့အား ထောင်ဒဏ် ၅၉ နှစ် ချမှတ် ခံခဲ့ရသော ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မနက်ဖြန်တွင် ကျရောက်မည့် ၄၉ နှစ်မြောက် မွေးနေ့ ပွဲအလှူအား မြန်မာနိုင်ငံသုခမ ပညာသည်များ အစည်းအရုံးမှ ယနေ့ ပြုလုပ်ကြောင်း ဟံသာဝတီမှ သတင်း ရရှိပါသည်။

ထိုမွေးနေ့ပွဲအား မြန်မာနိုင်ငံသုခမ ပညာသည်များ အစည်းအရုံးမှ သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံမှ ဆရာတော် ၅ ပါးအား ပင့်ဖိတ်ပြီး ကိုဇာဂနာ မွေးနေ့ အလှူအဖြစ် ဆွမ်းကပ်ခြင်း ၊ တရားနာခြင်း နှင့် ကိုဇာဂနာ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဂျိုးငှက်များ လွတ်ခြင်းများ ပြုလုပ်ကြောင်း မြန်မာနိုင်ငံသုခမ ပညာသည်များ အစည်းအရုံး ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ဟံသာဝတီကို ပြောပြ ပါသည်။သိုသော် မွေးနေ့ပွဲပြုလုပ်သော နေရာအား လုံခြုံရေးအရ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါဘူး ။

ယနေ့ပြုလုပ်သော ကိုဇာဂနာ၏ မွေးနေ့ပွဲအလှူအား မြန်မာနိုင်ငံသုခမ ပညာသည်များ အစည်းအရုံးမှ အဖွဲ့ဝင် များ နှင့် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများမှ တာဝန်ရှိသူများအပါအ၀င် လူ (၃၀) ကျော် တက်ရောက်ကြောင်း သိရသည်။

မြန်မာနိုင်ငံသုခမ ပညာသည်များ အစည်းအရုံးသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းတွင် မန္တလေး မြို့ရှိ အနုပညာရှင်များ စုပေါင်းဖွဲ့စည်းထားသော အစည်းအရုံးတစ်ခု ဖြစ်ပါသည်။

၂၆ . ၁ . ၂၀၁၀ l HTWD

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats