အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၏ အတွင်းရေးမှုး ဖြစ်သူ ဦးမင်အိမ် သည် ဇန်နဝါရီလ ၂၇ ရက် နံနက်အချိန်တွင် အမည်မသိ သေနတ်သမားတချို့၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် အတွက် ပြည်တွင်းပြည်ပရှိ ဂျီအေဘီ အင်အားစုကြီး အားလုံးမှ အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် မိသားစု အားလုံး နှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့နေ့စွဲဖြင့် ပေးပို့ကြောင်း သတင်းရရှိပါသည်။
ထိုသ၀ဏ်လွှာတွင် ဦးမင်းအိမ် နှင့် တကွ မိုင်းလား ခေါင်းဆောင်များ အနေဖြင့် နအဖ စစ်ခေါင်းဆောင် များမှ ဖိအားပေး လုပ်ဆောင် နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် အသွင် အဖြစ် ပြောင်းလဲ ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေး ကိစ္စများကို ကြံကြံခံ၍ ဦးဆောင် ငြင်းဆန် နေချိန်တွင် ဤလုပ်ကြံ မှုကြီးသည် နအဖ စစ်ခေါင်းဆောင် များ၏ အစီအစဉ် လက်ချက်များ တိုက်ရိုက် (သို့) သွယ်ဝိုက် ဆက်စပ် နေကြောင်း နအဖ စစ်ခေါင်း ဆောင်များသည် အလား အလာ ရှိသည့်၊ အရည် အခြင်း ရှိသည့် ဦးမင်းအိမ်အား ယခု ကဲ့သို့ လုပ်ကြံ သတ်ဖြတ် ခြင်းသည် တိုင်းရင်းသား ခေါင်းဆောင်များ နိုင်ငံရေး ခေါင်းဆောင်များ တစိုက် မတ်မတ် ကြိုးစား နေသည့် တိုင်းပြည် အတွက် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး အကြောင်း အရာများအား မိုက်ရိုင်း စော်ကား ပြကာ ရာဇဝတ်မှုကြီး ကျူးလွန် ခဲ့ခြင်းအပေါ် ပြည်တွင်း ပြည်ပ ဂျီအေဘီ အင်းအားစုကြီး အားလုံးမှ ပြင်းထန်စွာ ကန်ကွက် ရှုတ်ချကြောင်း နှင့် ဂျီအေဘီ အင်အားစုကြီး အနေဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု လမ်းကြောင်း ပေါ်မှ တိုင်းရင်းသား လူမျိုးများ နှင့် မိုင်းလား တပ်ဖွဲ့ မိသားစုဝင် အားလုံး နှင့် အတူ နအဖ စစ်အာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေးယန္တရား နှင့် စစ်အာဏာရှင် ဗိုလ်သန်းရွှေအား အမိမြန်မာမြေကြီးပေါ်မှ အပြီးတိုင် သုတ်သင် ဖယ်ရှား နိုင်သည်ထိ အတူတူ လက်တွဲ တိုက်ပွဲဝင် သွားမည် ဟုကတိပြုကြောင်း ပါရှိပါသည်။
ထို့အပြင် တိုင်းရင်းသားအားလုံး၏ တန်းတူညီရေး နှင့် စစ်မှန်သည့် ဖယ်ဒရာယ် ပြည်ထောင်စု ဖြစ်လာရေး အတွက် စွမ်းစွမ်းတမံ ကိုယ်ကြိုးစွန့် အနစ်နာခံပြီး ဦးဆောင် ဦးရွက် ပြုခဲ့သည့် ထူးခြား ပြောင်မြောက်သည့် ဦးမင်အိမ်အား ဂျီအေဘီ အင်အားစုကြီးမှ အလေးပြုကာ ချီးကျူးဂုဏ်ပြု ပါကြောင်း ထို သ၀ဏ်လွှာတွင် ဖေါ်ပြ ပါရှိပါသည်။

ထို့အပြင် တိုင်းရင်းသားအားလုံး၏ တန်းတူညီရေး နှင့် စစ်မှန်သည့် ဖယ်ဒရာယ် ပြည်ထောင်စု ဖြစ်လာရေး အတွက် စွမ်းစွမ်းတမံ ကိုယ်ကြိုးစွန့် အနစ်နာခံပြီး ဦးဆောင် ဦးရွက် ပြုခဲ့သည့် ထူးခြား ပြောင်မြောက်သည့် ဦးမင်အိမ်အား ဂျီအေဘီ အင်အားစုကြီးမှ အလေးပြုကာ ချီးကျူးဂုဏ်ပြု ပါကြောင်း ထို သ၀ဏ်လွှာတွင် ဖေါ်ပြ ပါရှိပါသည်။
လုပ်ကြံခံရသော အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၏ အတွင်းရေးမှုး ဦးမင်အိမ် ကွယ်လွန်ချိန်တွင် ဇနီးနဲ့ သမီး ၄ ဦးကျန်ရစ်ခဲ့ပါသည်။
|

0 comments:
Post a Comment