
ထိုဖြန်ဝေသော စာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားများအစည်းအရုံး၏ လှုပ်ရှားမှု တာဝန်ခံ ဦးမိုးကျော်က လည်း ဟံသာဝတီကို အခုလို ပြောပြပါတယ်။ မြန်မာပြည်က စစ်အာဏာရှင် တွေဟာ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက် များပြား လာမှာကို ကြောက်ရွံ့ စိုးထိတ် နေကြ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံက အလုပ်သမားလူတန်းစား တရပ်လုံးကို စစ်ဖိနပ်အောက်မှာ ပြားပြား ၀ပ်နေအောင် ဖိနှိပ် ထားချင်လို့ပဲ ဖြစ်ပါတယ်။ ကာယ၊ ဥာဏ အလုပ်သမားကြီးတွေတင် မကပါဘူး။ အခုဆိုရင် မြန်မာပြည်သူ တရပ်လုံး ဟာ စစ်ကျွန်ဘ၀မှာ ဘ၀တွေ ပျက်နေ ကြရပါတယ်။ အနာဂတ် ရည်မှန်းချက် ပန်းတိုင်တွေ ပျောက်ကွယ် နေကြ ရပါတယ်။ လုပ်ငန်းခွင်တွေမှာ စစ်အာဏာရှင် လက်ကိုင်ဒုတ်တွေရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့် မှုတွေကို ခါးစီးပြီး ခံနေ ကြရပါတယ်။ ထိုက်သင့်တဲ့ လုပ်ခလစာတွေကို ပြည့်ပြည့်၀၀ မရကြ တာကြောင့် လုပ်ငန်းခွင်က အပြန်မှာကိုယ့်သားသမီးငယ်လေးတွေ ဖျားနာနေတာ တွေ့ရရင်တောင် ဆေးရုံ၊ ဆေးခန်းတွေဆီ ခေါ်မသွားနိုင်ကြတဲ့ ဘ၀တွေ ဖြစ်နေကြပါတယ် အလုပ်သမားကြီးတွေရဲ့ ချွေးစက်တွေဟာ ကိုယ့် မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးမဖြစ်စေပဲ စစ်အာဏာရှင် တွေရဲ့ သားစဉ် မြေးဆက်တွေ ခံစား၊ စံစားဖို့ ဖြစ်နေရပါပြီ။ ဒါကြောင့် ခေတ်သမိုင်းအဆက်ဆက်မှာ တော်လှန်ရေး တပ်ဦးကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ အစဉ်အလာနဲ့အညီ မြန်မာတမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်စေမယ့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ အလုပ်သမားသမဂ္ဂ အစုအဖွဲ့များ ဖွဲ့စည်းပြီး ဦးဆောင် ပါဝင်ကြပါရန် လေးစားစွာ တိုက်တွန်းကြောင်း ပြောကြား သွားပါတယ်။
ထိုဖြန့်ဝေသည့် စာကို လက်ခံ ရရှိခဲ့သည် စက်မှုဇုံက အလုပ်သမားကြီး တစ်ဦးကတော့ အခု မြန်မာနိုင်ငံအလုပ်သမားများအစည်းအရုံး မှ ဖြန့်ဝေသည့် စာကို မိမိတို့ အနေဖြင့် ထောက်ခံကြောင်း ၊ ထိုစာပါ အကြောင်းအရာတွေသည် အမှန်တွေ ဖြစ်သည့်အတွက် မိမိတို့ တတ်နိုင်သလောက် စစ်အစိုးရ အား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဟံသာဝတီကို ပြောပြသွားပါသည်။
မြန်မာနိုင်ငံအလုပ်သမားများအစည်းအရုံးဆိုသည်မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ အတွင်း ဖွဲ့စည်း ခဲ့သော အထက်ဗမာနိုင်ငံ အလုပ်သမားသမဂ္ဂကို အမည် ပြောင်းလဲထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအလုပ်သမားများအစည်းအရုံးမှ ယနေ့ မန္တလေးမြို့ စက်မှုဇုံများတွင် ဖြန်ဝေခဲ့သော စစ်အစိုးရ ဆန့်ကျင်ရေးစာမှာ အရွက်ရေ (၅၀၀) ကျော်ဖြစ်ကြောင်း သိရှိရပါသည်။
|

0 comments:
Post a Comment