Navigation - link to other main sections from here


စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးမြန်မာ့ဒီမိုကရေစီအင်အားစု များမှ မြန်မာ့အမျိုးသားကွန်ကရက်ကြီး (BNC) ဖြစ်ပေါ် လာ ရေး အတွက် ညီလာခံ တစ်ရပ် ကျင်းပမည်


စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ မှ စစ်အာဏာရှင် စနစ် ကျဆုံးရေးကို ထောက်ခံသော ၊ ၂၀၁၀ အတုရောင် ရွေးကောက်ပွဲကို ဆန့်ကျင်သော ၊ လူထု၏ အကျိုးစီးပွားကို ရှေ့ရှုသော ၊ လူထုဘက်မှ မားမား မတ်မတ် ရပ်တည်သော မည်သည့် ဒီမိုကရေစီ အင်အားစုမဆို ၊ တသီးပုဂ္ဂလ များ၊ တိုင်းရင်းသား အင်အားစုများ ၊ တပ်ပေါင်းစုများ အားလုံးနှင့် လက်တွဲပြီး ညီညွတ်မှု ရှိသော နိုင်ငံရေး အင်အား ကောင်းသော စုစည်း မှုများဖြင့် ရန်သူ စစ်အုပ်စုအား အရှိန် အဟုန်ရှိစွာ တိုက်ပွဲ ၀င်နိုင်ရေး အတွက် ဖိတ်ခေါ် စုပေါင်း ဖွဲ့စည်းမည့် မြန်မာ့အမျိုးသားကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက် ညီလာခံ တစ်ရပ် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ဟံသာဝတီမှ သတင်း ရရှိပါသည်။

ထို မြန်မာ့အမျိုးသားကွန်ကရက်ကြီး ပေါ်ပေါက် လာရေး နှင့် ပတ်သက်ပြီး စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သူ ကိုထွန်းထွန်း က ဟံသာဝတီသို့ မိမိတို့ စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေ စီအင်အားစုများ (အမေရီကန်ပြည်ထောင်စု) သည် မိမိတို့၏ မူဝါဒ ဖြစ်သော (၁) ၂၀၁၀ - ရွေးကောက် ပွဲအား လုံးဝ ဆန့်ကျင် တိုက်ဖျက်ရေး (၂) စစ်အုပ်စုအား နည်းလမ်း ပေါင်းစုံဖြင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဝင်ရေး (၃) ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် ဦးတည် ချက် များဖြင့် ပြည်တွင်း ပြည်ပ လှုပ်ရှားမှု များကို ပြုလုပ် နေခြင်း ဖြစ်ကြောင်း ၊ ယခု ပြုလုပ်မည့် ညီလာခံ သည် မြန်မာ့ အမျိုးသား ကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက် ပြင်ဆင်သည့် ညီလာခံ ဖြစ်ကြောင်း ထို မြန်မာ့ အမျိုးသား ကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက် စုပေါင်းပါဝင် လုပ်ဆောင်လိုလူ မည့်သည့် ဒီမိုကရေစီ အင်အားစု မဆို ၊ မည်သည့် ပုဂ္ဂိုလ်မဆို အောက်ဖော်ပြပါ မြန်မာ့အမျိုးသားကွန်ကရက်ကြီး စည်းရုံးရေးအဖွဲ့ (BNC Lobby Team) မှ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်ကြသော ဖြစ်ကြသော (၁) ဦးခေမာစာရ Phone : 718-413 3379 , Email : kmsr_abymu@yahoo.com (၂) ဦးပညာဇောတ Phone : 415-518 7663 , Email : thitsarko5@gmail.com (၃) ကိုရဲထွဋ် Phone: 347-226 0572 , Email : yehtut@yahoo.com (၄) ကိုထွန်းထွန်း Phone : 503-334 9997 , Email : htun9761@gmail.com (၅) ကိုထွန်းအောင်ကျော် Email : hagyaw@gmail.com (၆) ကိုသက်ထွန်း Phone : 602-254 5004 , Email : thethtun222@yahoo.com (၇) ကိုဇာနည် Phone : 801-410 4486 , Email : moenaing9964@yahoo.com (၈) ကိုကိုလေး Phone: 415-203 0541 , Email : kokophoto@yahoo.com (၉) ဒေါက်တာ ခင်စိန် Phone: 919-918 714 , Email : drk_sein@yahoo.com (၁၀) ကိုမင်းနိုင် Phone: 716-830 1684 , Email : bago8888@gmail.com (၁၁) ကိုခွန်ထွန်းတောက် Email : hkuntheinhtoon@gmail.com (၁၂) ကိုဆလိုင်းကိုကိုဦး Phone: 260-348 5950 , Email : kko102@yahoo.com (၁၃) ကိုမူးသာ Phone: 206-788 0394 , Email : mugoodluck1@yahoo.com (၁၄) ကိုထွန်းလှိုင် Phone: 518-209 6536 , Email : kyiwayphy0@yahoo.com (၁၅) ကိုစိုးမိုး Phone: 518-522 8253 , Email : soemoe62@yahoo.com (၁၆) ကိုစိုင်း Phone: 510-415 2289 , Email : sai18218@yahoo.com (၁၇) ကိုဇော်ကိုနိုင် Email : zaw_kk@yahoo.com တို့ထံ ဆက်သွယ်နိုင်ကြောင်း ယခုလို ပြောပြ ပါသည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ (အမေရီကန်ပြည်ထောင်စု) သည့် ၂၀၀၉ ခုနှစ် ဇူလိုင်လက အမေရီကန်ပြည်ထောင်စု ၊ နယူယောက်ပြည်နယ် ၊ ယူတီကာမြို့ တွင် အမေရီကန်ပြည်ထောင်စုကို ရောက်ရှိနေသော ရဲဘော် ရဲဘက်များ ၊ အဖွဲ့အစည်းအသီးသီးမှ ရဲဘော် ရဲဘက်များ ၊ တိုင်းရင်းသား ညီအကိုများ စုပေါင်းကျင်းပသော ညီလာခံ မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats