ဇန်န၀ါရီလ ( ၁၉ ) ရက်နေ့မှ ( ၂၁ ) ရက်နေ့ အထိ (၃) ရက်ကြာ ကျင်းပသော ဓနုအမျိုးသား ကောင်စီ၏ ၈ ကြိမ်မြောက် ညီလာခံကို ထိုင်း - မြန်မာ နယ်စပ် တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ဟံသာဝတီ မှ သတင်း ရရှိသည်။ ထိုညီလာခံမှ မြန်မာနိုင်ငံတွင်း နိုင်ငံရေး နှင့် လူမှုရေး ပြုပြင် ပြောင်းလဲ မှုများ ဖြစ်ပေါ်စေရေး လှုပ်ရှားမှုကြီး၌ မိမိတို့ရပ်ရွာ အသိုင်းအ၀ိုင်းကို ခြေပြုသည့် အရေးယူ ဆောင်ရွက်ချက်များ၊ စည်းရုံး လှုံ့ဆော်ရေး များကို လှုပ်ရှား ဆောင်ရွက် သွားရန် ဆုံးဖြတ်ကြကြောင်း သိရသည်။
ဓနုအမျိုးသားကောင်စီ ကို ၁၉၈၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့ တွင် (၁) တိုင်းရင်းသားများ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်။ (၂) တိုင်းရင်းသားလူမျိုးများ အပေါ် အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု များကို ဆန့်ကျင်တားဆီးရန်။ (၃)တိုင်းရင်းသားများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွမ်းရည်မြင့်တင်ပေးရန်။ (၄) ဓနုအမျိုးသားကောင်စီ တွင် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်များအတွက် အတူတကွ လှုပ်ရှားဆောင်ရွက်ရန်။ စသော ဦးတည်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထိုညီလာခံတွင် အသစ်ပြန်လည် ရွေးချယ်ခဲ့သော ဓနုအမျိုးသားကောင်စီ ၏ ထိပ်ပိုင်းခေါင်းဆောင် များမှာ ဥက္ကဌ စ၀်ဝဏ္ဏ ၊ ဒုဥက္ကဌ ဗိုလ်ချုပ်သိန်းဝင်း ၊ အထွေထွေအတွင်းရေးမှူး စ၀်ရွှေဝင်း ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် - စိုင်းဆင်ဆိုင်း နှင့် တွဲဖက်စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး - စိုင်းမျိုးဝင်းတို့ ဖြစ်ကြသည်။
ဓနုအမျိုးသားကောင်စီ၏ ညီလာခံ သို့ ဖိတ်ကြားထားသော နိုင်ငံခြားသံရုံးအချို့မှ ဧည့်သည် တော်များ ၊ တိုင်းရင်းသား ခေါင်းဆောင်များ ၊ ဓနုအမျိုးသားကောင်စီ၏ မဟာမိတ် အဖွဲ့အစည်းများ နှင့် လေ့လာသူများ စုစုပေါင်း အင်အား (၁၂၀) ကျော် တက်ရောက် ကြကြောင်း သတင်း ရရှိသည်။
၂၁ . ၁ . ၂၀၁၀ l HTWD
|

0 comments:
Post a Comment