Navigation - link to other main sections from here


၂ဝ၁ဝ ရွေးကောက်ပွဲ နှင့် အမြင်များ




မောင်ဝံသ


လူတိုင်း နိုင်ငံရေး စိတ်ဝင် စားဖို့၊ တက်တက် ကြွကြွ ပါဝင်ဖို့ အားပေး ရမယ်။ နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင်တဲ့ လူတွေကို လမ်းဖွင့် ပေးရမယ်၊ မခက်ခဲအောင် လုပ်ပေး ရမယ်၊ အဲဒါမှ ဖြစ်မယ်။ တန်းတူ ရည်တူ တရားမျှ တစွာ ယှဉ်ပြိုင်ခွင့် ပေးရမယ်၊ မီဒီယာ လွတ်လပ်ခွင့် ရှိရမယ် ၊ ပါဝင် ယှဉ်ပြိုင် သူတိုင်း ပြည်သူ တွေကို မဲစည်းရုံးတဲ့ နေရာမှာ တူညီတဲ့ အခွင့် အရေး ရှိရမယ်။

မောင်ဝံသ၊ စာရေးဆရာ

ဦးရွှေအုန်း



''ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်တယ် ဆိုတာ အထွေထွေ ရွေးကောက်ပွဲကြီး တစ်ခု ကျင်းပဖို့ အခြေခံ အကျဆုံးသော အဆင့် ပါပဲ။ လက်ရှိ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ အရတော့ ပါတီတွေ ထူထောင်ဖို့ Reasonable ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေ အရ ပြည်ထောင်စု ပါတီ တစ်ခု ထူထောင်မယ် ဆိုရင် မှတ်ပုံ တင်ပြီး ရက် ၉ဝ အတွင်း ပါတီဝင် ၁ဝဝဝ ပြည့်ရ မယ်။ ပါတီဝင် ၁ဝဝဝ ပြည့်အောင် မလုပ်နိုင် ရင်တော့ အရည် အချင်း မရှိ လို့ဘဲ''

ဦးရွှေအုန်း
(ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ)

ဦးဟန်ရွှေ



''အခု ရွေးကောက် ပွဲဟာ Change တစ်ခု ဖြစ်လာ မှာပါ။ ဖွဲ့စည်းပုံ မရှိဘဲ အုပ်ချုပ် နေတဲ့ စစ်အစိုးရ ကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက် တင်မြှောက် တဲ့ ဒီမိုကရေစီ အစိုးရ ဆီကို ကူးပြောင်း မှာပါ။ ဘယ် အခြေခံ ဥပဒေ မှ ပြီးပြည့်စုံတယ် မရှိပါဘူး၊ ပြင်သွား ရမှာပါ''

ဦးဟန်ရွှေ
ဗဟို အလုပ် အမှုဆောင်
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ

ဒေါ်သန်းသန်းနု



''ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ် လားပေါ့။ ကျွန်မတို့ ကတော့ ဒီမိုကရေစီ အထိ လည်း မမြင်သေး ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်မယ့် အပေါက်လေး တစ်ပေါက် ပေါ့။ ဒါ့ကြောင့် ဒါကို ဆုပ်ကိုင် တာပါ။ အားလုံး ပါဝင် စေချင် သလား ဆိုရင်တော့ အားလုံး ပါတာ ပိုကောင်း တယ်။ ကျွန်မတို့ ကတော့ ယုံကြည်ချက်၊ ဦးတည်ချက် တူရင် ဘယ်ပါတီနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် လက်တွဲ နိုင်ပါတယ်''

ဒေါ်သန်းသန်းနု
ဒီမိုကရက် တစ်ပါတီ (မြန်မာ)
အထွေထွေ အတွင်းရေးမှူးချုပ်




၁၈ . ၃ . ၂၀၁၀ | The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats