တည်ဆဲ အစိုးရ လက်ထက်တွင် ဒုတိယ အကြိမ် အဖြစ် ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ အဆောက် အအုံ၊ ယာဉ် နှင့် ပစ္စည်း တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူ သုံးစွဲခဲ့ ပါက နိုင်ငံရေး ပါတီ အဖြစ်မှ ဖျက်သိမ်း ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမိန့် ထုတ်ပြန်သည်။
မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာ အမှတ် (၁/၂ဝ၁ဝ) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် တည်ဆဲ ဥပဒေ များကို လေးစား လိုက်နာမှု မရှိခြင်း၊ မတရား အသင်း အဖြစ် ကြေညာ ခံရခြင်း နှင့် နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ (ပုဒ်မ ၁ဝ) နှင့် ကိုက်ညီခြင်း မရှိသူ များကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်မှု မပြုဘဲ ထိမ်ချန် ထားခြင်းများ ရှိပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက် ခံရမည်ဟု The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
၁၈ . ၃ . ၂၀၁၀
|

0 comments:
Post a Comment