
ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ့ အသံနှင့် ရုပ်မြင် သံကြားက လက်ရှိ ထုတ်လွှင့်လျက် ရှိသော MRTV -3 အစီ အစဉ် များကို အသွင် သဏ္ဌာန် သာမက အနှစ် သာရပါ ပြောင်းလဲကာ Myanmar International ရုပ်သံလိုင်း အဖြစ် ထုတ်လွှင့် နိုင်ရေး အတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်၍ စမ်းသပ် ထုတ်လွှင့်လျက် ရှိသည်။ Myanmar International ရုပ်သံလိုင်း အဖြစ် ပုံမှန် ထုတ်လွှင့် နိုင်ရေး အတွက် လိုအပ်သော လုပ်ငန်း များကို ပြင်ဆင် ဆောင်ရွက် ခဲ့ပြီး ဖြစ်ရာ ၂၀၁၀ ခုနှစ်မတ် ၃၁ရက်မှ စတင်၍ ပုံမှန် ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း၊ Myanmar International ရုပ်သံလိုင်းတွင် နိုင်ငံတကာသတင်း နှင့် ပြည်တွင်း သတင်းများ အပြင် အသွင် သဏ္ဌန် နှင့် အနှစ် သာရ ပြောင်းလဲ တင်ဆက် ထားသည့် Documentary, Current Affairs အစီ အစဉ်များ၊ ဖျော်ဖြေရေး အစီ အစဉ်များ၊ အင်္ဂလိပ် စာတန်းထိုး မြန်မာ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကား များ ကိုပါ ထည့်သွင်း ထုတ်လုပ် ပြသ သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။
Myanmar International ရုပ်သံ အစီ အစဉ်များကို ဖမ်းယူ ကြည့်ရှု နိုင်သည့် ဒေသ များမှာ မြောက် အမေရိက ဒေသ ၊ ဥရောပ ဒေသ၊ သြစတြေးလျ နှင့် နယူးဇီလန် ဒေသ၊ တရုတ် နှင့် အိန္ဒိယ ဒေသ၊ အင်ဒိုချိုင်းနား ဒေသ တို့ဖြစ် ပြီး နိုင်ငံ တကာ ပရိသတ်များ အနေဖြင့် ၂၄ နာရီ ပတ်လုံး ကြည့်ရှု နိုင်စေရေး အတွက် ကမ္ဘာတစ်ဝန်း လွမ်းခြုံ ထုတ်လွှင့် နိုင်ရန် စီစဉ် ထားသည့် အပြင် ပြည်တွင်း ၌လည်း မြန်မာ့ အသံ နှင့် ရုပ်မြင်သံ ကြား နံနက်ပိုင်း အစီအစဉ်များ အပြီးတွင် နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဆက်လက် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ Myanmar International ရုပ်သံလိုင်း စတင် ထုတ်လွှင့်ခြင်း အထိမ်း အမှတ် အခမ်း အနားကို မတ် ၃၁ ရက် နံနက် ၉ နာရီတွင် ကျင်းပ မည်ဖြစ်ရာ အခမ်း အနား ကျင်းပ ပုံများကို Myanmar International ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပေးမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
၂၇ . ၃ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment