စက်သုံးဆီ အရောင်း ဆိုင်များ ကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် အဆိုပြုလွှာ ခေါ်ယူ ထားပြီး လျောက်ထား သူများ အနေဖြင့် မိမိ ရရှိသော စက်သုံးဆီ ဆိုင်အတွက် ဆိုင်တန်ဖိုး ၏ ၃၀ ရာခိုင်နှုန်းကို ဦးစွာ ပေးသွင်းပြီး မှသာ လုပ်ငန်း စတင် လည်ပတ် ရမည်ဟု သတင်း ရရှိ ပါသည်။ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များဟု ဆိုသော်လည်း ကနဦးတွင် လက်ရှိ စက်သုံး ဆီဆိုင် များ၌ လုပ်ကိုင် နေသည့် ၀န်ထမ်း များနှင့် လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီမှ ၀န်ထမ်းများ ပူးတွဲ၍ ရောင်းချ ပေးရန် စီစဉ် ထားကြောင်းလည်း သိရသည်။ ''ဆိုင်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းပြီးမှ လုပ်ငန်း စတင်လုပ်ကိုင် ရမယ်။ ၁၀ ရာခိုင်နှုန်းကို အမြန်ဆုံး ပေးသွင်းဖို့ ညွှန်ကြား ထားတယ်။ ပုဂ္ဂလိက အနေနဲ့ လွှဲယူလိုက် တာမှန်ပေမယ့် လက်ရှိ ဆိုင်ဝန်ထမ်း တွေကို ဒီအတိုင်းပဲ ထားရှိ သွားဦး မှာပါ။ ကျွန်တော်တို့ ကုမ္ပဏီက ၀န်ထမ်း တွေနဲ့ အတူ ကျွမ်းကျင်မှု ရှိသွားတဲ့ အထိ ပူးတွဲ လုပ်ကိုင် သွားဖို့ ရှိပါ တယ်''ဟု စက်သုံးဆီဆိုင် လျောက်ထားသူ တစ်ဦးက ရှင်းပြခဲ့သည်။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်တွင် ပုဂ္ဂလိက စက်သုံး ဆီဆိုင်သ စ်များ တည်ဆောက် ပြီးစီးသည့် အနေ အထား ရှိနေပြီး ဖွင့်လှစ် ရန်သာ ကျန်ရှိ တော့သည့် အခြေ အနေသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။ သီလ၀ါ ဆိပ်ကမ်း ဧရိယာ အတွင်း စက်သုံးဆီတင် ဆိပ်ကမ်း နှင့် စက်သုံးဆီ သိုလှောင်ကန် ဆောက်လုပ်ရန်အ တွက် ပြင်ဆင်လျက် ရှိရာ လက်ရှိတွင် နေရာ ငါးခု အတွက် ကုမ္ပဏီ ၁၅ ခု မှ လုပ်ကိုင်ခွင့်ရ ရှိ ထားကြောင်း သိရသည်။လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများ အနေဖြင့် လက်ရှိတွင် မြေတိုင်း တာခြင်း၊ မြေသား စမ်းသပ်ခြင်း ကဲ့သို့သော အကြို တိုင်းတာခြင်း လုပ်ငန်း များကို လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
''ကုမ္ပဏီ တစ်ခုကို ဆိပ်ကမ်း တစ်ခု ပေးတာ မဟုတ်ဘူး။ ကုမ္ပဏီ သုံးခုပေါင်း တစ်ခုကိုမှ ဆိပ်ကမ်း တစ်နေရာ ပေးတာလေ။ ကျွန်တော် သိရ သလောက်တော့ ဆိပ်ကမ်းေ နရာ ငါးခု ပေးထားတယ်။ လက်ရှိမှာ အကြိုေ မြတိုင်း တာတယ်၊ မြေသား စမ်းသပ် တာတွေ လုပ်နေတယ်'' ဟု ဆိပ်ကမ်း တည်ဆောက် မှုတွင် ပါဝင်သည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ကြောင်း Weekly Eleven တွင် ဖော်ပြထား ပါသည်။
၂၈ . ၃ . ၂၀၁၀
|

0 comments:
Post a Comment