
မထသမှ တာဝန်ရှိသူ တစ်ဦးက ''သင်္ကြန် ကာလ အတွင်းမှာ မထသ မှာရှိတဲ့ ယာဉ်လိုင်း အကုန်လုံး မထွက်ပါဘူး။ ထွက်မယ့် ယာဉ်တွေ ကိုလည်း ဂိတ်စ ကနေ နံနက် ၆ နာရီ ကစပြီး ယာဉ်စ ထွက်ဖို့နဲ့ ညနေ ၆ နာရီမှာ ဂိတ်ပြန် ထိုးဖို့ သတ်မှတ် ထားပါတယ်။ မထသ လက်အောက် မှာ ဌာနခွဲပေါင်း ခုနစ်ခု ရှိတဲ့အနက် ပြေးဆွဲဖို့ သတ်မှတ် ပေးထားတဲ့ ယာဉ်လိုင်း တွေပဲ ပြေးဆွဲလို့ ရမှာပါ။
သင်္ကြန် ကာလ အတွင်းမှာ တချို့တွေ ကျတော့လည်း သင်္ကြန်ရေ ပက်ခံ ထွက်ဖို့ သီးသန့် ကားငှား မစီးကြ တော့ဘဲ လိုင်းကား တွေနဲ့ပဲ ဂိတ်စ၊ ဂိတ်ဆုံး စီးပြီး ရေပက် မဏ္ဍပ်တွေကို လျောက် ကြည့်ကြတယ်။ ဒါကြောင့် ခရီးသည်တွေ အဆင်ပြေအောင် သင်္ကြန်တွင်းမှာ ယာဉ်လိုင်း တွေပြေး ဆွဲဖို့ စီစဉ် ပေးရခြင်း ဖြစ်ပါတယ်။ သင်္ကြန် ကာလ အတွင်းမှာ ယာဉ်စီး ရေလျော့ပြီး ပြေးဆွဲမယ့် ရက်တွေက ဧပြီ ၁၃ ရက်နေ့ကနေဧပြီ ၁၆ရက် နေ့အထိ ဖြစ်တဲ့အတွက် ဧပြီလ ၁၇ ရက်နေ့ကနေစပြီး ယာဉ်လိုင်းအကုန် ပြန်ပြေး ဆွဲမှာပါ''ဟု Weekly Eleven တွင်ဖော်ပြထားပါသည်။
၂၈ . ၃ . ၂၀၁၀
|

0 comments:
Post a Comment