Navigation - link to other main sections from here


သံလွင် မြစ်တွင် အရှေ့တောင် အာရှ ၏ အကြီးဆုံး ရေအား လျပ်စစ် စက်ရုံကို မြန်မာ၊တရုတ်နှင့်ထိုင်းနိုင်ငံ တို့ ပူးပေါင်း တည်ဆောက် မည်


သံလွင် မြစ်တွင် အရှေ့တောင် အာရှ၏ အကြီးဆုံး ရေအား လျပ်စစ် ဓာတ်အားပေး စက်ရုံ ကို မြန်မာ၊ တရုတ် နှင့် ထိုင်း နိုင်ငံတို့ ပူးပေါင်း တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ဖော်ပြချက် အရ သိရ သည်။ သံလွင်မြစ်တွင် လျပ်စစ် ဓာတ်အား ၇ ဒသမ ၁ ဂီဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအား လျပ်စစ် ဓာတ်အားပေး စက်ရုံ ဆောက်လုပ်ရန် အမေရိကန် ဒေါ်လာ ကိုးဘီလျံကို သုံးစွဲ သွားမည် ဖြစ်ကြောင်း နှင့် ယင်းအတွက် သံလွင် မြစ်တွင် ဆည်တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။


တရုတ် နိုင်ငံသည် ယခု စီမံကိန်း အတွက် ကုမ္ပဏီ သုံးခု ပါသည့် တရုတ် အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး ကုမ္ပဏီများ မှာ ChinaThree Gorges Corp ၊ Sinohydro Corp နှင့် China Southern Power Grid တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ သုံးခုသည် ယခု စီမံကိန်း ၌ ပူးပေါင်း ဆောင်ရွက်ရန် အတွက် သဘောတူ ညီချက်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင် လက်မှတ် ရေးထိုး ခဲ့ကြပြီး လက်ရှိ၌ စီမံကိန်း အကောင် အထည် ဖော်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာ၊ တရုတ် နှင့် ထိုင်းနိုင်ငံ တို့သည် သံလွင် မြစ်ပေါ်တွင် ရေအား လျပ်စစ် ထုတ်လုပ် နိုင်မည့် ဆည်စီမံကိန်း တစ်ခု ကိုလည်း လက်ရှိ၌ အကောင် အထည် ဖော်လျက် ရှိသည်။ အဆိုပါ စီမံကိန်း မှာ ဟတ်ကြီး ရေလှောင် တမံ စီမံကိန်း ဖြစ်ပြီး ကရင် ပြည်နယ်တွင် တည်ရှိကာ ထိုင်းနိုင်ငံ EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံ Sino- hydro ကုမ္ပဏီ နှင့် မြန်မာ နိုင်ငံ အစိုးရ အကြား စီမံကိန်း ဆောင်ရွက်ရေး အတွက် သဘော တူညီမှုကို ၂၀၀၆ ခုနှစ်တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်းနှင့် တည်ဆောက်ရန် ခန့်မှန်း ကုန်ကျ ငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံ ခန့်ရှိ မည်ဟု Weekly Eleven တွင် ဖော်ပြထား ပါသည်။

Ref:Dow Jones


၂၈ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats