Navigation - link to other main sections from here


နေပြည်တော်ရှိ ဟိုတယ် ဇုန်များတွင် ရေကစား မဏ္ဍပ်များ စတင် ဆောက်လုပ်


နေပြည်တော်ရှိ ဟိုတယ် ဇုန်များတွင် နှစ်သစ်ကူး မဟာ သင်္ကြန် အတွက် ရေကစား မဏ္ဍပ်များ စတင် ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။ ၂၀၁၀ ပြည့်နှစ် နေပြည်တော် မဟာ သင်္ကြန်အား အစည် ကားဆုံး ဖြစ်အောင် နေပြည်တော်ရှိ ဟိုတယ် ဇုန် မဏ္ဍပ်များ၊ အစိုးရ ၀န်ကြီးရုံး မဏ္ဍပ် များ၊ မြို့တော်ဝန် မဏ္ဍပ် နှင့် ရန်ကုန် မှ နာမည်ကြီး တီးဝိုင်း များ၊ နာမည်ကြီး အဆိုတော်များ နှင့် ရုပ်ရှင် သရုပ်ဆောင်များ လာရောက် ဖျော်ဖြေမှုပြု လုပ်ပြီး ၄င်း မဏ္ဍပ်များတွင် သင်္ကြန်ယိမ်း အကများဖြင့် ဖျော်ဖြေသွား မည်ဟု သိရှိရသည်။

''ကျွန်တော်တို့ ဟိုတယ်ဇုန် အသိုင်းအ၀ိုင်းက သင်္ကြန် မဏ္ဍပ်တွေ ကို အခု မတ်လထဲမှာ စတင်တည် ဆောက်နေ တာပါ။ မဏ္ဍပ်တွေကိုခိုင် ခံ့အောင်နဲ့ လှပအောင် တည်ဆောက် သွားမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနှစ် ကျွန်တော်တို့ရဲ့ နေပြည်တော် သင်္ကြန်ဟာ တစ်မူ ထူးခြားပြီး အရမ်း စည်ကားမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ နေပြည်တော် မှာ မဟာ သင်္ကြန် ကျမှာ ဖြစ်လို့''ဟု နေ ပြည်တော်မြတ် တော်ဝင် ဟိုတယ် သင်္ကြန် မဏ္ဍပ် ဆောက်လုပ် နေသော တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

မြတ်တော်ဝင် ဟိုတယ်မှ ဆောက်လုပ်သော ရေကစား မဏ္ဍပ် မှာ အလျား (၂၀၀) ပေ၊ အနံ (၄၀) ပေ၊ အမြင့် (၈) ပေ ရှိပြီး အလယ်ပေ(၈၀) ကို ယိမ်း အက များနှင့် အခြား အက အခုန်များ အတွက် ဖြစ်ပြီး ဘယ်၊ ညာပေ (၄၀) စီကို တာဝန် ရှိသူများ ထိုင်ကြည့်ဖို့ ဖြစ်ပြီး ကျန်သော ပေ (၃၀) စီကို ရေကစား အဖွဲ့များ အတွက် ဖြစ်ကြောင်း သိရှိရသည်။ ''ဟိုတယ်တိုင်း မှာတော့ ရေက စားမဏ္ဍပ်ရဲ့ အကျယ် အ၀န်းဟာ အလျား(၂၀၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်ကတော့ ကိုယ့် စိတ်ကြိုက် ပေါ်မူတည်ပြီး ကွာခြား သွားနိုင်တယ်။ ကျွန်တော်တို့ ရွှေဧည့်သည် ဟိုတယ် ကတော့ မဏ္ဍပ်ကို ခိုင်ခန့် ဖို့အတွက် သံဖရိန်တွေနဲ့ တည်ဆောက်သွား မှာပါ'' ဟု ရွှေဧည့်သည် ဟိုတယ် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ရေး တာဝန်ခံက ပြောကြား ခဲ့သည်။

နေပြည်တော် ခရိုင်တွင် မြန်မာ့ နှစ်သစ်ကူး မဟာ သင်္ကြန်အား စည်ကား သိုက်မြိုက်စွာ ကျင်းပ နိုင်ရန် အတွက် နေပြည်တော်ရှိ ဟိုတယ် ဇုန်များ၊ ၀န်ကြီးရုံးများ၊ ရပ်ကွက် များနှင့် အမျိုးသား အထိမ်း အမှတ် ဥယျာဉ် တို့တွင် စည်ကားစွာ ကျင်းပသွား နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း Weekly Eleven တွင်ဖော်ပြထား ပါသည်။


၂၈ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats