Navigation - link to other main sections from here


အာဆီယံ ထိပ်သီး ဆွေးနွေး ပွဲ၌ ဆွေးနွေးမည့် အကြောင်း အရာများ ထဲတွင် မြန်မာ အရေး ပါဝင်မည်


လာမည့် အာဆီယံ ထိပ်သီး ဆွေးနွေး ပွဲ၌ ဆွေးနွေးမည့် အကြောင်း အရာများ ထဲတွင် မြန်မာ အရေးလည်း ပါဝင်မည် ဖြစ်ကြောင်း သတင်း ဖော်ပြချက်များ အရ သိရသည်။ အဆိုပါ ထိပ်သီး ဆွေးနွေး ပွဲကို ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ဧပြီလ ၈ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်း ဆွေးနွေး ပွဲ၌ အာဆီယံ ၏ စီးပွားရေး၊ လုံခြုံရေး၊ ၂၀၁၅ ခုနှစ်၌ ပေါ်ပေါက် လာမည့် အာဆီယံ အသိုက် အမြုံနှင့် မြန်မာ အရေး တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ အဖွဲ့ဝင်များ အနက် အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် တို့က မြန်မာ နိုင်ငံတွင် မကြာသေး မီက ထုတ်ပြန် ခဲ့သော ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ၄င်းတို့၏ သဘောထား များကို ထုတ်ပြန် ခဲ့သည်။


မြန်မာနိုင်ငံ အရေးသည် အာဆီယံ လူအခွင့်အရေး ကော်မရှင်၏ အစီ အစဉ်၌ ထိပ်တန်း ဦးစားပေးဖြစ် သည်ဟု အာဆီယံ ချာတာ မူကြမ်း ရေးဆွဲရေး အဆင့်မြင့် အဖွဲ့၏ ဥက္ကဋ္ဌ သံအမတ်ကြီး Rosario G. Manalo က ပြောကြား ထားသည်။ အာဆီယံတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ ပါဝင်ပြီး အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်း တည် ထောင်ခဲ့သည်။


Ref:The Jakarta Post


၂၈ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats