
ယင်း ဖမ်းဆီးမှု များကို ရန်ကုန်တိုင်း တွင် ပန်းဘဲတန်း မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ နယ် (သာယာကုန်း) တို့တွင် ဖြစ်ပြီး မန္တလေး တိုင်းတွင် ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ တို့၌ ရှာဖွေ ဖမ်းဆီး မှုများ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းတွင် ဖမ်းဆီး ရမိသည့် ခိုးကူး လုပ်ငန်း လုပ်ကိုင်သူ ခုနစ်ဦး ထံမှ မြန်မာ ဗီဒီယို ဇာတ်ကား ခိုးကူးခွေ၊ ပွားခွေများ နှင့် ဆင်ဆာမဲ့ နိုင်ငံခြား ဇာတ်ကားများ၊ညစ်ညမ်း ဇာတ်ကားများ ဖမ်းဆီး ရမိခဲ့သည့် ဗီစီဒီ နှင့် ဒီဗီဒီ နှစ်မျိုးပေါင်း ၁၉၂၈၂ ချပ်ရှိပြီး ယင်း အချပ်များနှင့် အတူ အခွေကူး စက်များ၊ ပရင်တာ နှင့် အခြား စက်ပစ္စည်း များလည်း ပါဝင်ခဲ့သည်။
မန္တလေးမြို့တွင် ညစ်ညမ်းခွေ ၁၆၇၉ ခွေ၊ မြန်မာ ဇာတ်ကား ခိုးကူး ခွေနှင့် နိုင်ငံခြား ဇာတ်ကား ငါးသောင်းကျော် တို့ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရှိ ရသည်။ မြန်မာဗီဒီယို ခိုးကူးခွေ၊ ပွားခွေ များအား အရေးယူရန် အတွက် ယခင်ကလည်း မြန်မာ့ ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာ အဖွဲ့မှ ဖမ်းဆီး အရေးယူ မှုများ ရှိခဲ့သော်လည်း ယခု အခါတွင်မူ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် မှုခင်း ရဲတပ်ဖွဲ့ များနှင့် ပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထပ်မံ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟု ၂၀၁၀ ခုနှစ် မတ်လ ၃၁ရက်နေ့ ထုတ် Weekly Eleven ဂျာနယ် တွင်ဖော်ပြထားပါသည်။
၂၉ . ၃ . ၂၀၁၀
|

0 comments:
Post a Comment