
လက်ရှိ ရန်ကုန်မြို့တွင် စီစီ တီဗီ ကင်မရာ တပ်ဆင်ပြီး ဖြစ်၍ အရေးယူမှုများ ဆောင်ရွက် နေသည့် နေရာများ မှာ ရွှေဂုံတိုင် မီးပွိုင့် လမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံနှင့် မင်္ဂလာဈေး တို့တွင် ဖြစ်ကြောင်း သိရသည်။ ရွှေဂုံတိုင် မီးပွိုင့် လမ်းဆုံတွင် ၂၀၀၉ နှစ်ကုန် ပိုင်းနှင့် ၂၀၁၀ ဇန်န၀ါရီလ ဆန်းပိုင်း အထိ အရေးယူခဲ့သည့် အမှုပေါင်း ၁၄၁၀၀ ကျော်၊ ဘုရင့်နောင် လမ်းဆုံ တွင် ၂၀၁၀ ဇန်န၀ါရီ လဆန်းပိုင်း အထိ အမှုပေါင်း ၂၉၀၀ ကျော်၊ မင်္ဂလာဈေးတွင် ၂၀၁၀ ဇန်န၀ါရီ လဆန်းပိုင်း အထိ အမှုပေါင်း ၃၉၀ ကျော် စုစုပေါင်း ၁၇၄၀၀ ကျော် အရေးယူ မှုများ ရှိခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား စစ်ဆေး အရေးယူ မှုများ ပြုလုပ် ရာတွင် စီစီတီ ဗီကင်မရာ များဖြင့် လည်းကောင်း၊ လှည့်ကင်း၊ ရပ်ကင်း များဖြင့်လည်း ကောင်း၊ ကင်မရာ များဖြင့် ဓာတ်ပုံ မှတ်တမ်း တင်ခြင်းဖြင့် လည်းကောင်း၊ ချလံဖြတ် အရေး ယူခြင်း၊ မှတ်သား ဖမ်းဆီး အရေး ယူခြင်း၊ ယာဉ်မတော် တဆမှု ဖြစ်ပွားသည့် အခါ အရေးယူ ခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိရာတွင် ဓာတ်ပုံ မှတ်တမ်းများ ဖြင့်အရေး ယူခြင်း နှင့် စီစီတီဗီ ကင်မရာ တပ်ထားသော နေရာ များမှ မှတ်တမ်း များဖြင့် အရေး ယူခြင်း တို့တွင် အထောက် အထား ခိုင်လုံ မှုများ ရှိသည့် အတွက် ငြင်းဆန် မှုများ ပြုလုပ်၍ မရဘဲ သတ်မှတ် စည်းကမ်း ချက်များ ချိုးဖောက်မှု အတွက် သတ်မှတ် ထားသော စီမံချက် ဒဏ်ကြေး ငွေများကို မိမိတို့ ကျူးလွန်မှု အပေါ် မူတည်၍ ဒဏ်ကြေးငွေ ပေးဆောင်ကြရသည်ဟု သိရသည်။
အရေး ယူမှု ပြုရာတွင် မီးပွိုင့် မီးနီ ၀င်ရောက်ခြင်း အတွက် ယာဉ်စည်းကမ်း ဒဏ်ရိုက် ငွေနှင့် စီမံ ခန့်ခွဲမှု နည်းလမ်း အရ ဒဏ်ရိုက်ငွေ ကျပ် ၅၁၅၀၀ (သို့မဟုတ်) ကျပ် ၁၁၅၀၀ နှင့် လိုင်စင် ခြောက်လ ပိတ်သိမ်း၊ မဆင် မခြင် မောင်းခြင်း နှင့် အရှိန်ပြင်း မောင်းခြင်း အတွက် ကျပ် ၃၁၅၀၀၊ သင်္ကြန် ကာလ များတွင် စည်းကမ်း ချိုးဖောက်ခြင်း အတွက် ကျပ် ၅၁၅၀၀၊ နောက်တွယ် ဘေးတွယ် အမိုး စီးတင် ပါက ကျပ် ၁၁၅၀၀၊ ယာဉ်ပေါ်မှ အမှိုက် ပစ်ချခြင်း နှင့် ကွမ်းတံတွေး ထွေးပါက ကျပ် ၁၁၅၀၀၊ အမိုး ၀က်ခြံ တင်၍ ၀င်ပါကကျပ် ၂၁၅၀၀၊ နံပါတ် အသေး တပ်ဆင်ပါက ကျပ် ၁၁၅၀၀၊ ဘေးတံခါး ဖွင့်ပါက (ခရီး သည်တင်) ကျပ် ၁၁၅၀၀၊ မီးပွိုင့် ဧရိယာတွင် ခရီးသည် အတင်အချ လုပ်ပါက ကျပ် ၁၁၅၀၀၊ ဆိုင်ကယ် နှစ်ယောက်စီး ပါက ကျပ် ၅၁၅၀၀ နှင့် ဆိုင်ကယ်စီး ဦးထုပ် မဆောင်းပါက ကျပ် ၁၁၅၀၀ ၊ မီးပွိုင့် အံကွက် ဧရိယာ အတွင်း သတ်မှတ် နေရာ မရပ်ဘဲ ရပ်မျဉ်းကို ကျော်ရပ်ပါက ကျပ် ၁၁၅၀၀ အသီးသီး တပ်ရိုက် အရေးယူ လျက်ရှိကြောင်း သိရှိရပြီး ကွန်ပျူတာ စနစ်သုံး၍ မှတ်တမ်းယူ အရေးယူ လျက်ရှိသည် ဟု ၂၀၁၀ ခုနှစ် မတ်လ ၃၁ရက်နေ့ ထုတ် Weekly Eleven ဂျာနယ် တွင်ဖော်ပြထားပါသည်။
၂၉ . ၃ . ၂၀၁၀
|

0 comments:
Post a Comment