Navigation - link to other main sections from here


မြ၀တီ - သင်္ကန်းညီနောင် - ဘားအံလမ်းကို ကွန်ကရစ် လမ်း ခင်းခြင်း လုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီတစ်ခုက B.O.T စနစ် ဖြင့် ဆောင်ရွက်


ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံဘက်သို့ နယ်စပ် ဆက်သွယ်သည့် လမ်းတစ်လမ်း ဖြစ်သည့် မြ၀တီ-သင်္ကန်းညီနောင်-ဘားအံ လမ်းကို ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းအား အေကေ ကုမ္ပဏီက တည်ဆောက် လုပ်ကိုင် လွှဲပြောင်း B.O.T စနစ်ဖြင့် ဆောင် ရွက်လျက် ရှိကြောင်း သိရပါသည်။ အဆိုပါ မြ၀တီ- သင်္ကန်းညီနောင်-ဘားအံ လမ်းသည် ၁၁၀ မိုင် ၂၂ ဖာလုံ ရှည်ပြီး၊ ထိုင်း နိုင်ငံမှ ပညာ ရှင်များ အသုံးပြုကာ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းအား ဘားအံဘက် ခြမ်းနှင့် မြ၀တီဘက်ခြမ်း တို့မှ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက် ရှိ သည်ဟု သိရသည်။

လမ်းအကျယ်မှာ ၂၄ ပေကျယ် ဖြစ်ပြီး နှစ်လမ်းသွား ဖြစ်ကာ လမ်းသား အမြင့်မှာ ကိုးပေ ဖြစ်ပြီး လက်ရှိ တွင် ၁၂ ပေ အကျယ် တစ်လမ်းသွား အဖြစ် ဖောက်လုပ် မှုကို ဘားအံ ဘက်ခြမ်း နှင့် မြ၀တီဘက်ခြမ်း တို့မှ တစ်ပြိုင်နက်တည်း ဖောက်လုပ် လျက်ရှိကြောင်း သိရှိရပါသည်။ လမ်းခင်းကျင်းခြင်း လုပ်ငန်း ကို မိုးမကျမီ အပြီးသတ် သွားမည် ဟု သိရပြီး၊ လမ်းခင်းကျင်းဆဲ ကာလတွင် တောင်ဆင်း တောင်တက် လမ်းများ၌ ယာဉ် မတော်တဆမှု ဖြစ်တတ်သည့် နေရာများတွင် လမ်းပြု ပြင်ထိန်းသိမ်း မှုများ ကိုပါ ဆောင်ရွက် နေကြောင်း Weekly Eleven တွင် ဖော်ပြထား ပါသည်။


၂၉ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats