Navigation - link to other main sections from here


ဟိုတယ် များတွင် ဟောပြော ဆွေးနွေးပွဲများ ခွင့်ပြုချက် တောင်း ရမည် ဟုဆို


မြန်မာနိုင်ငံ အတွင်းရှိ ဟိုတယ်များတွင် ဟောပြော ဆွေးနွေး ပွဲများ ပြုလုပ်ပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုချက် တောင်းခံ ရမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာန ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က ပြောကြားကြောင်း သတင်း ရရှိသည်။ ဟိုတယ် များတွင် လူစု လူဝေး နှင့် ပတ်သက်သည့် လုပ်ဆောင်ချက် တစ်စုံ တစ်ရာ ပြုလုပ်မည်၊ ဟောပြော ဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည် ဆိုပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်း ၏ ခွင့်ပြုချက် ကို တောင်းခံရန် လိုအပ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

''အဲဒီ ညွှန်ကြား ချက်ကို အလေး ဂရု မပြု ခဲ့တဲ့ အတွက် မလိုလား အပ်တဲ့ နိုင်ငံရေး နဲ့ ပတ်သက် ရှုပ်ထွေးတဲ့ ပြဿနာ ရပ်မျိုး ပေါ်ပေါက် ခဲ့တာ ရှိပါတယ်''ဟု ဝန်ကြီးက ဆိုသည်။ ဟိုတယ် များတွင် ဟောပြော ဆွေးနွေး ပွဲများ ပြုလုပ်မည် ဆိုပါက သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့ အစည်း၏ ထောက်ခံချက်ကို ပြုလုပ် လိုသူက ကြိုတင် ရယူ လာရကြောင်း၊ ယင်းသို့ ထောက်ခံချက် ပါမှသာ လက်ခံ ပြုလုပ် ပေးခြင်း ဖြစ်ကြောင်း ဟောပြော ဆွေးနွေး ပွဲများ အပတ်စဉ် ပြုလုပ်မှု အများဆုံး လက်ခံ ကျင်းပပေး သည့် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ကျွန်မတို့က လူတိုင်း ကိုတော့ တာဝန်ယူ မပေးပါဘူး''ဟု ၄င်းကဆိုသည်။ ဟောပြောပွဲ ပြုလုပ်တိုင်း ယင်းသို့ ပုံမှန် ရယူ ရကြောင်း ပညာရေး ဝန်ဆောင်မှု လုပ်ငန်း တစ်ခုကလည်း အတည်ပြု ဖြေကြားသည်။ ဟိုတယ် များသည် သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ ဥပဒေ၊ ထုတ်ပြန်ချက်၊ ညွှန်ကြားချက် များကို လိုက်နာ ရမည့် အပြင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်း များ၏ အမိန့် နှင့် ညွှန်ကြား ချက်များ ကိုပါ လိုက်နာရန် လိုအပ်ကြောင်း ဟိုတယ်/ခရီး ဝန်ကြီးက ပြောကြားကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့ ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

၂၉ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats