နာဂစ် မုန်တိုင်း ဒဏ်သင့် မြို့နယ် များ ဖြစ်သည့် ဘိုကလေး မြို့နယ် နှင့် လပ္ပတ္တာ မြို့နယ် ရှိ ရေလုပ်သား များ အတွက် လှေအစီး ၄၀၀ လှူဒါန်းရန် တည်ဆောက် လျက် ရှိကြောင်း ကုလသမဂ္ဂ စားနပ် ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) မှ အကြီးတန်း အရှာရှိ တစ်ဦးက ပြောကြားသည်။အဆိုပါ လှေတည် ဆောက်ခြင်း လုပ်ငန်းကို ဝေယမုန် ကုမ္ပဏီက ကွမ်းခြံကုန်း မြို့နယ် အင်္ဂလုံ ကျေးရွာတွင် ဖေဖော်ဝါရီလ ပထမပတ် ခန့်မှ စ၍ ဆောင်ရွက်လျက် ရှိကြောင်း၊ လှေများ တည်ဆောက် ရာ၌ သင်္ဃန်းသား သစ်များ ကို အသုံး ပြု၍ ၁၂ ပေ လှေအစီး ၂ဝဝ နှင့် ၁၈ ပေ လှေ အစီး ၂ဝဝ ကို တည်ဆောက် မည် ဖြစ်ကြောင်း၊ ၁၂ ပေ လှေတစ်စီး၏ ပျမ်းမျှ တန်ဖိုးမှာ ကျပ်တစ်သိန်းခွဲနှင့် ၁၈ ပေ လှေတစ်စီး ပျမ်းမျှ တန်ဖိုးမှာ ကျပ် သုံးသိန်းကျော်ခန့် ဖြစ်ကြောင်း ၄င်းက ဆိုသည်။အဆိုပါ လှေများ ကို ဘိုကလေး မြို့နယ်တွင် ဧပြီလ နှင့် လပွတ္တာ မြို့နယ်တွင် မေလ ဆန်းပိုင်း တို့၌ ဖြန့်ဝေ ပေးရန် စီစဉ် ထားကြောင်း၊ လှေ ဖြန့်ဝေမှု နှင့် ရေလုပ်သား ရွေးချယ်မှု အပိုင်းကိုမူ FAO နှင့် ပူးပေါင်း ဆောင်ရွက်မည့် UNDP ၊ Mercy Corps ၊ GRET အပါ အဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်း များက တာဝန်ယူ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ရှင်းပြသည်။
FAO သည် ၂ဝဝ၉ ခုနှစ်အတွင်းမုန်တိုင်းသင့်ဒေသများဖြစ်သော ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ လပွတ္တာနှင့် ဘိုကလေးမြို့နယ်တို့သို့ ၁၂ ပေ၊ ၁၈ ပေ လှေ စုစုပေါင်း၂၇၈ စီးလှူဒါန်းခဲ့ကြောင်း FAO က ထုတ်ပြန်သော စာရင်းများအရ သိရသည်။
နာဂစ် မုန်တိုင်း ဒဏ်သင့် ဒေသ များသို့ နာဂစ် မုန်တိုင်း ဖြစ်ပြီးနောက် လာရောက်၍ လှေလှူဒါန်း ဖြန့်ဝေ ပေးခဲ့သည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်း များမှာ မြန်မာ နိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ FAO ၊ Save the Children ၊ Care Myanmar ၊ မင်္ဂလာမြန်မာ ၊ UNDP ၊ Action Fame ၊ World Vision ၊ Solidarites စသည့် အဖွဲ့ အစည်းများ ဖြစ်ကြောင်း ဘိုကလေး ငါးလုပ်ငန်း ဦးစီး ဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြား ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့ ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။
၂၉ . ၃ . ၂၀၁၀
|

0 comments:
Post a Comment