တရားဝင် မှတ်ပုံ တင်ထားသော နိုင်ငံရေး ပါတီများ အနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ မဲဆွယ် စည်ရုံးရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ပါရှိသော စာရွက် စာတမ်း၊ စာအုပ် နှင့် လက်ကမ်း စာစောင် များအား ပုံနှိပ် ဖြန့်ချိ လိုပါက ပုံနှိပ် ထုတ်ဝေခွင့် သက်သေခံ လက်မှတ် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း အပြင် အာမခံကြေး ငွေကျပ် ငါးသိန်းကို ပုံနှိပ် သူများ၊ ထုတ်ဝေ သူများ မှတ်ပုံတင် နှင့် စာပေ စိစစ် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့သို့ ပေးသွင်း ရမည်ဟု သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြန် လိုက်သည်။ ၂၀၁၀ ပြည့် နှစ်မတ် ၁၇ ရက်နေ့ စွဲဖြင့် ထုတ်ပြန် ခဲ့သည့် အဆိုပါ ညွှန်ကြားချက် (၄၂) တွင် နိုင်ငံရေး ပါတီ များသည် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခြင်း နှင့် စပ်လျဉ်း၍ သတ်မှတ် ထားသော စည်းကမ်းချက် တစ်ခု ခုအား ချိုးဖောက် ခဲ့ပါက အာမခံကြေးငွေ အားလုံးကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကို ဖြစ်စေ၊ ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ မှတ်ပုံတင် နှင့် စာပေ စိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့မှ သိမ်းယူ နိုင်ကြောင်း သတင်း ရရှိသည်။
အာမခံကြေးငွေကို သိမ်းယူခြင်း ခံရသူသည် လိုအပ်သော အာမခံ ကြေးငွေအား ပြန်လည် ဖြည့်တင်း တင်သွင်း ရမည် ဖြစ်သည်။ ပါတီ တစ်ခုသည် မိမိ ဆန္ဒ အလျောက် သက်သေခံ လက်မှတ်ကို ပြန်လည် အပ်နှံသည့် အခါ အာမခံကြေးငွေကို ပြန်လည် ထုတ်ယူနိုင်သည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြ ထားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယာယီ မှတ်ပုံ တင်ခွင့် သို့မဟုတ် စည်းရုံးခွင့် ရပြီး ချိန်မှ ရက်ပေါင်း ၉၀ အတွင်း လျှောက်ထား လာသော မှတ်ပုံတင်ကြေး လျှောက်လွှာ များအား ဆောင်ရွက်ေ ပးနိုင်မည် မဟုတ်ကြောင်း ဖော်ပြ ပါရှိသည်။
နိုင်ငံရေး ပါတီများ အနေဖြင့် ယခု ထုတ်ပြန် လိုက်သည့် ညွှန်ကြား ချက်ပါ ထုတ်ဝေ စာနှင့် စပ်လျဉ်းသည့် သတ်မှတ် ထားသော စည်ကမ်းချက် များအား ချိုးဖောက် ၍ ရေးသား၊ ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခြင်း ပြုလုပ်ပါက ထုတ်ဝေ သူသာ မက နိုင်ငံရေး ပါတီ၌ ပါတာ ဝန်ရှိမည်ဟု ညွှန်ကြား ချက်တွင် ဖော်ပြ ထားသည်။ နိုင်ငံရေး ပါတီ ထုတ်ဝေခွင့် မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေး ပါတီ များသည် ၁၉၆၂ခုနှစ် ပုံနှိပ် သူများနှင့် ထုတ်ဝေ သူများ မှတ်ပုံတင် ဥပဒေ၊ ပုဒ်မ ၂၂ အရ ၎င်းတို့ ထုတ်ဝေ လိုသည့် ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ မဲဆွယ် စည်းရုံးရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ပါရှိသော စာရွက် စာတမ်း၊ စာအုပ် နှင့် လက်ကမ်း စာစောင်များ အတွက် စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနသို့ ကြိုတင် တင်ပြ စိစစ်မှု ခံယူခြင်းမှ ကင်းလွတ်ခွင့် ရရှိ မည်ဟု ညွှန်ကြား ချက်တွင် ဖော်ပြ ပါရှိသည်။
သို့သော် ပုံနှိပ်ပြီး စာစောင်များအား ထုတ်ဝေ ဖြန့်ချိသည်နှင့် တစ်ပြိုင်နက် စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနသို့ အချော ၁၀ စောင် တင်ပြ ရမည် ဖြစ်ပြီး ထိုသို့ အချော အနေဖြင့် ပေးပို့ တင်ပြ ပြီးသော စာမူများကို သာ Online (Website) သို့ တင်ရမည် ဟုလည်း ယခုထုတ်ပြန်သည့် ညွှန်ကြား ချက်တွင် ပါရှိသည်။
နိုင်ငံရေး ပါတီများသည် မှတ်ပုံတင် သက်သေခံ လက်မှတ် လျှောက်ထား ရာတွင် တရားဝင် မှတ်ပုံတင် ထားသော နိုင်ငံရေး ပါတီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထောက်ခံချက်ပါ ရှိရမည်။ မှတ်ပုံတင် သက်သေခံ လက်မှတ် လျှောက်ထား လိုကြောင်း သက်ဆိုင်ရာ နိုင်ငံရေး ပါတီ ထူထောင်လိုသူ ၁၅ ဦး၏ အစည်းအဝေး ဆုံးဖြတ်ချက် ပါရှိရမည်။ မှတ်ပုံတင် သက်သေခံ လက်မှတ် လျှောက်ထားပြီး စာအုပ် စာစောင် များအား ထုတ်ဝေမည့် တာဝန်ခံ ပုဂ္ဂိုလ်သည် ပါတီ၏ အစည်း အဝေး ဆုံးဖြတ်ချက် မှတ် တမ်းပါ ဝာာဝန်ပေး ခန့်ထားသူ ဖြစ်ရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။ မှတ်ပုံတင်ပြီး သော နိုင်ငံရေး ပါတီ များသည် ထုတ်ဝေစာ ကင်းလွတ်ခွင့် အရ ထုတ်ဝေ စာများ ထုတ်ဝေ ကြရာတွင် ယခု ညွှန်ကြားချက် နှင့် ပူးတွဲ ဖော်ပြ ချက်ပါ စည်းကမ်းချက်များ အတိုင်း လိုက်နာ၍ ရေးသား ထုတ်ဝေ သွားကြရန် အဆိုပါ ညွှန်ကြား ချက်တွင် ဖော်ပြ ထားကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၃၀ရ က်နေ့ ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါသည်။
၂၉ . ၃ . ၂၀၁၀
|

0 comments:
Post a Comment