ရန်ကုန် - မန္တလေး လမ်းမကြီး ရန်ကုန် နှင့် ပဲခူးကြား လမ်းပိုင်း ပေါ်ရှိ လက်လှည့်ပန့် အသုံးပြု စက်သုံး ဆီဆိုင်သစ် အချို့ ယခုလ အတွင်း စတင် ဖွင့်လှစ် လာခဲ့ပြီး ဈေးကွက်များ လိုက်လံ ရှာဖွေ မိတ်ဆက်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ အဆိုပါ ဆီဆိုင် သစ်များသည် ရန်ကုန် နှင့် ပဲခူးကြား လှည်းကူး မြို့နယ် နှင့် အင်းတကော် မြို့တို့တွင် မြင်တွေ့နေ ရပြီး ၄င်းတို့ ၏ လိပ်စာ ကတ်များကို အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အတွင်း ယခုရက်ပိုင်း လိုက်လံ ဝေငှလျက် ရှိကြောင်း ယင်းအဝေးပြေး ကားဂိတ် တာဝန်ခံ တစ်ဦးထံမှ သိရှိရသည်။ယခု ရက်သတ္တပတ် အတွင်း အနည်းဆုံး ဆီဆိုင်သစ် သုံးခု၏ လိပ်စာ ကတ်များ ရရှိ ထားကြောင်း နှင့် အဆိုပါ ဆီဆိုင်များမှာ လမ်းဘေးတွင် ရောင်းချသည့် တပိုင် တနိုင် ဆီဆိုင်များ ဖြစ်ကြောင်း ၄င်း၏ အဆိုအရ သိရှိရသည်။ ရန်ကုန်တိုင်း မင်္ဂလာ ဒုံမြို့နယ်ရှိ အစိုးရ ဆီဆိုင် အချို့မှာ ပြင်ဆင် မွမ်းမံ မှုများ ပြုလုပ် ပြီးစီး နေပြီ ဖြစ်ကြောင်း နှင့် လာမည့် ဧပြီလ ၁ ရက် နေ့တွင် ပုဂ္ဂလိက က လွှဲပြောင်း ရယူ ထားသည့် ဆီဆိုင်များ ဖွင့်လှစ်ရန် ရှိသည် ဟုလည်း လုပ်ငန်းရှင်များ ထံမှ သတင်းများ ရရှိသည်။ ရန်ကုန် နှင့် မြန်မာ နိုင်ငံ အနှံ့ အပြားရှိ အစိုးရ စက်သုံး ဆီဆိုင် ၂၄၆ ဆိုင်ကို ပြည်တွင်းရှိ အင်အားကြီး ကုမ္ပဏီ ၁၅ ခုခန့် လွှဲပြောင်း ရယူခဲ့ပြီး လွန်ခဲ့သော ရက်ပိုင်းက ယင်း ကုမ္ပဏီ များကို အစိုးရ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက် လေ့လာခွင့် ပေးခဲ့သည်။
ဈေးကွက် အတွင်းမှ မတ်လ ၂၂ ရက်နေ့ နောက်ဆုံး ရရှိသော သတင်းများ အရ ပြည်တွင်း ဒီဇယ် ပေါက်ဈေးမှာ တစ်ပီပါ ကျပ်တစ်သိန်း ငါးသောင်း ငါးထောင် ကျပ် ဖြစ်ပြီး ယခု ရက်ပိုင်း အတွင်း၌ ဈေးနှုန်းများ တည်ငြိမ်လျက် ရှိသည်ဟု မတ်လ ၂၉ ရက်နေ့ ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားသည်။
၃၀ . ၃ . ၂၀၁၀
|

0 comments:
Post a Comment