Navigation - link to other main sections from here


မြန်မာ အစား အစာများ တင်ဆောင် လာသည့် ကားအား ထိုင်း ရဲဂိတ်မှ ဖမ်းဆီး


မဲဆောက် မှ မဟာချိုင်သို့ မြန်မာ အအစား အစာများ တင်ဆောင် လာသည့် ကုန်တင် ကားအား၊ ကန်ဖေဗစ်ရဲဂိတ် တွင် ဖမ်းဆီး လိုက်သည်။ ယမန်နေ့  ညနေ ၅ နာရီ ခန့်က မြန်မာ အစား အစာများ ကာလ တန်ဖိုး ဘတ်ငွေ ငါးသိန်းဖိုး တင်ဆောင် လာသည့် 82-4895 ဟီနိုး ၆ ဘီး ကား တစ်စီး အား ထိုင်းရဲများက သိမ်းဆည်း လိုက်သည်။ ထိုင်း ရဲများက ကန့်သတ် ကုန်ပစ္စည်းများ နှင့် အခွန်မဲ့ ပစ္စည်းများ အဖြစ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထိုင်းရပ် သတင်း စာတွင် ဖေါ်ပြ ထားသည်။ မဲဆောက် အထွက်တွင် သက်ဆိုင်ရာ ဂိတ်က စစ်ဆေးလိုက် သော်လည်း ကား တစ်စီးလုံးကို မိုးကာ ဖျင်များဖြင့် သေချာစွာ စည်းနှောင် ထားသည်။ သင်္ကာမကင်း သဖြင့် ကန်ဖေဗစ်ရဲဂိတ်သို့ အကြောင်း ကြားခဲ့သည်။

ကားမောင်း သူ၏ ထွက်ဆိုချက် အရ တစ်လကို ၂ ကြိမ်စီမဲဆောက်သို့ သွားရောက်ပြီး မြန်မာ အစား အစာများ တင်ဆောင်လေ့ ရှိကြောင်း၊ ကားမောင်းခ အဖြစ် တစ်ခေါက်ကို ဘတ်ငွေ ၁၅၀၀ စီ ရကြောင်း ပြောသည်။ မြန်မာ အစား အစာများ တင်ဆောင် လာသည့် ကား နှင့် ကားပေါ်တွင် ပါလာသည့် ပစ္စည်းများ အပြင် ကားမောင်သူ ကိုပါ ကန်ဖေဗစ်ရဲစခန်းတွင် ဖမ်းဆီး ထားကြောင်း သိရှိ ရသည်။ ထိုင်းနိုင်ငံ အတွင်း သန်းချီ ရှိသော မြန်မာ အလုပ် သမား အရေ အတွက် ၏ စားသောက်ကုန် လုပ်ငန်း ဈေးကွက်မှာ သေးငယ်သော အလုပ်တော့ မဟုတ်ပါ ။ တရားဝင် ရောင်းချခွင့် မရှိ သော်လည်း မြန်မာများ နှင့် မြန်မာ အစား အစာများမှာ ထိုင်း နိုင်ငံအနှံ့ နေရာ တိုင်းတွင် အလွယ် တကူ ၀ယ်ယူ ရရှိ နိုင်သည်။ ထိုင်း တနိုင်ငံလုံး ရှိ မြန်မာ ဈေးဆိုင် ရောင်းသူ တို့မှာ နယ်မြေ ထိုင်းရဲ များအား လစဉ် တရားမ၀င် ကြေးများ ပေးသွင်းပြီးမှ ရောင်းချ ကြရကြောင်း မြန်မာ ဈေးဆိုင် ပိုင်ရှင် များက ပြောသည်။



ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
၃၀ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats