ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့နယ်၊ လမ်း ၃၀ နှင့် ကုန်သည် လမ်းထောင့် (အောက်ဘလောက်) ရှိ အဆောက် အအုံ အမှတ် ၆၃၂၊ ၆၃၈ မှာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ပြိုကျမှု ဖြစ်ပွား ခဲ့ရာ ပြိုကျမှု များ ရှင်းလင်း နေစဉ် တွေ့ရှိ ခဲ့သော ရွှေနှင့်ငွေ စုစုပေါင်း သိန်း ၃၀၀ ခန့်အား အိမ်ရှင် ဖြစ်သူထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းရွှေ နှင့် ငွေ စုစုပေါင်း သိန်း ၃၀၀ ကျော်ဖိုး ခန့်မှာ ပြိုကျ ခဲ့သော အဆောက် အအုံ တိုက်ခန်း အတွင်းရှိ နံရံကပ် ဘီဒို ကြီးများ ထဲမှ တာဝန် ရှိသူများ နှင့် ကယ်ဆယ်ရေး လုပ်သားများက ထိခိုက် ပျက်စီးမှု မရှိဘဲ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။ပြိုကျ ခဲ့သော အဆောက် အအုံမှာ သုံးထပ်တိုက် RC အမျိုး အစား ဖြစ်ပြီး အဆောက် အအုံ၏ ရှေ့ဘက် အခြမ်းမှ စတင် ပြိုကျ ခဲ့ခြင်း ဖြစ်ကာ ပြိုကျ မှုကြောင့် တိုက် ဒုတိယ အလွှာရှိ ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး အပျက် အစီးများ ကြားတွင် ပိနေ ခဲ့ကြောင်း သိရသည်။ ထို့နောက် အဆောက် အအုံမှာ ဒုတိယ အကြိမ် ထပ်မံ ပြိုကျ ခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသူ မီသတ် တပ်ဖွဲ့ဝင် ၁၀ ဦး၊ ကြက်ခြေနီ တစ်ဦး နှင့် အရပ်သား တစ်ဦး စုစုပေါင်း ၁၂ ဦးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ သဖြင့် ရန်ကုန် ဆေးရုံကြီး သို့ ပို့ဆောင် ကုသ ခဲ့ကြောင်း သိရသည်။ ည ၉ နာရီ အချိန် ခန့်တွင် ပြိုကျသော တိုက်၏ အပျက်အစီး များကြားတွင် ပိနေသူ ၁၆ နှစ် အရွယ် အမျိုးသမီးငယ် မှာ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။ ယင်း အဆောက် အအုံသည် နှစ်ပေါင်း ၁၀၀ ခန့် နီးပါး ရှိသည့် အဆောက် အအုံ ဖြစ်ပြီး မကြာသေး မီက အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ် ခဲ့သည် အဆောက် အအုံလည်း ဖြစ်ကြောင်း ၂၀၁၀ ခု နှစ် မတ်လ ၃၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားသည်။
၃၀ . ၃ . ၂၀၁၀
|

0 comments:
Post a Comment