
မန္တလေး မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း မြို့နယ် ငါးမြို့နယ် ရှိရာမှ အမရပူရ နှင့် ပုသိမ်ကြီး မြို့နယ် တို့ကို ထည့်သွင်း၍ ခုနစ်မြို့နယ် အဖြစ် တိုးချဲ့ ဖွဲ့စည်း ထည့်သွင်း သွားမည်ဟု မတ်လ ၈ ရက်နေ့တွင် မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ (MCDC) ပြည်သူ့ ဆက်ဆံရေး နှင့် ပြန်ကြားရေး ဌာနမှ စုံစမ်း သိရှိ ရသည်။ ယခု လောလော ဆယ်တွင် အမရပူရ မြို့နယ်တွင် လမ်းဖောက်လုပ်သည့် လုပ်ငန်းများ (MCDC) က စတင် တာဝန်ယူ လုပ်ကိုင် နေပြီး (MCDC) သန့်ရှင်းရေး ဌာနက သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် သုံးဘီး ဆိုင်ကယ်အစီး ၂ဝ ကို စတင်ဝယ်ယူထားသည်ဟု (MCDC) သန့်ရှင်းရေး ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင် သာယာရေး နယ်နိမိတ်တွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည် နှင့် ပြည်ကြီး တံခွန် မြို့နယ်တို့ ပါဝင်ပြီး ဧရိယာ စတုရန်း ၆၄ မိုင် အတွင်း ၂ဝဝ၈ ခုနှစ်၌ လူဦးရေ တစ်သန်း နီးပါး ရှိကြောင်း မတ်လ (၂၂) ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။
၂၇ . ၃ . ၂၀၁၀
Hits: |
|
Action: |
| |
0 comments:
Post a Comment