နိုင်ငံသား အခွင့် အရေးဆိုင်ရာ လက်ကမ်း စာစောင်တွင် ဖော်ပြမည့် စာသားများ နှင့် ပတ်သက်၍ အစိုးရ နှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ရုံးတို့ ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ ရုံးမှ သတင်း ရရှိ ပါသည်။ ဆွေးနွေး မှုကို မကြာမီ အချိန် ကာလ အတွင်း ပြုလုပ် နိုင်ဖွယ် ရှိကြောင်း သိရသည်။ နိုင်ငံသားများ၏ အခွင့် အရေး များကို မြန်မာ ဘာသာဖြင့် ရိုးရှင်းစွာ ဖော်ပြထားမည့် လက်ကမ်း စာစောင် ကို ထုတ်ဝြေ ဖန့်ချိရန် အလုပ်သမား ၀န်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ရုံးတို့ သဘော တူညီချက် ရရှိ ထားပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ရုံး မှ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်(လ်)၏ ပြောကြား ချက်အရ သိရသည်။အဆိုပါသဘောတူညီချက်ကို အလုပ်သမားရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည် နှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ ILO ရုံးမှ အမှုဆောင် ညွှန်ကြားရေး မှူး Mr. Kari Tapiola နှင့် အဖွဲ့တို့ ဇန်န၀ါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား ၀န်ကြီးဌာန တွင် တွေ့ဆုံ ဆွေးနွေး ရာမှ ယခုကဲ့သို့ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ကမ်း စာစောင်တွင် ပါရှိမည့် စာသား မူကြမ်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြ ထားပြီး ဖြစ်ကြောင်း နှင့် အဆိုပါ စာသား မူကြမ်းနှင့် ပတ်သက်၍ အစိုးရ နှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့ရုံးတို့ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ကမ်း စာစောင် တွင် နိုင်ငံသားများ၏ အခွင့် အရေးများ နှင့် တရား ဥပဒေနှင့် အညီ တရား မျတမှုကို မည်ကဲ့သို့ ရယူနိုင်ပုံ တို့ကို မြန်မာဘာသာဖြင့် ရိုးရှင်းစွာ ဖော်ပြ ထားမည် ဖြစ်ကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၂၄ . ၃ . ၂၀၁၀
|

0 comments:
Post a Comment