အသက် မပြည့်သေးသည့် ကလေး သူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းသည် အဓမ္မ ခိုင်းစေမှုမြောက်ကြောင်း နှင့် အရွယ် မရောက်သေးသူ ကလေး သူငယ်များအား တပ်သားသစ် စုဆောင်း ခြင်းကို အစိုးရ အာဏာပိုင် အဖွဲ့အစည်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) သို့ တိုင်ကြား နိုင်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့ ရုံးမှ သိရသည်။
မြန်မာနိုင်ငံတွင် အရွယ်မရောက် သေးသူ ကလေး သူငယ်များ စစ်မှု ထမ်းခြင်းမှ ကြိုတင် ကာကွယ်ရေး အသိပညာပေး သင်တန်း များကို ပို့ချလျက် ရှိကြောင်း နှင့် သင်တန်း ပြုလုပ် ရခြင်းမှာ တပ်သားသစ်များ စုဆောင်း ရာတွင် လုပ်ထုံး လုပ်နည်း များနှင့် အညီ စနစ် ကျစွာ ဆောင်ရွက် နိုင်ရန်နှင့် အရွယ် မရောက် သေးသူ ကလေး သူငယ်များ စစ်မှု ထမ်းခြင်း မှ ကြိုတင် ကာကွယ်ရန် ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သင်တန်း ပို့ချ မှုကို ကာကွယ်ရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဌာနနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအချို့ ပူးပေါင်းဆောင်ရွက် လျက်ရှိနေသည်ဟု ပါဝင်ဆောင်ရွက် နေသူတို့၏ ပြောကြားချက် အရ သိရှိရကြောင်း Weekly Eleven တွင်ဖော်ပြ ထားပါသည်။
၂၄ . ၃ . ၂၀၁၀
|

0 comments:
Post a Comment