Navigation - link to other main sections from here


Facebook သည် ပြည်တွင်းတွင် လူသုံး အများဆုံး လူမှု ကွန် ရက် ဖြစ်ကြောင်း စစ်တမ်း တစ်ခုကပြ


မြန်မာနိုင်ငံ၏ ပထမဆုံး ကျင်းပ ခဲ့သော Barcamp yangon 2010 သို့ လာရောက် သူများ၏ နည်းပညာ စိတ်ဝင် စားမှု အပိုင်းအား စစ်တမ်း (Survey) များ ကောက်ခံ ခဲ့ရာ ကောက်ခံ ရရှိသော အဆိုပါ စစ်တမ်း များတွင် ကမ္ဘာသုံး လူမှု ကွန်ရက် ဝက်ဘ်ဆိုက် ဖြစ်သော Facebook သည် ပြည် တွင်း၌ လူသုံး အများဆုံး လူမှုကွန်ရက် ( Social Networking) အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေ ကြောင်း သိရှိ ရသည်။ Barcamp Yangon 2010 သို့ တက်ရောက် လာသူ အများစု အနှစ်သက် ဆုံး Social Networking တစ်ခု ဖြစ်သည့် Facebook နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် မှ ကွန်ပျူတာ ပညာရှင် တစ်ဦးက “အခု နောက်ပိုင်းဒီ Social Networking site တွေထဲ မှာ Facebook ကတော့ ထိပ်ဆုံးမှာ ရပ်တည် နေတာ။

ပြည်တွင်းမှာလည်း လူသုံး အများဆုံးပဲ။ ဘာလို့ လူသုံး အများဆုံး ဖြစ်လဲဆိုသူ့မှာ ပါဝင်တဲ့ ဝန်ဆောင် မှုတွေက ကွန်ပျူတာ တွေထက် ပိုပြီး ပြည့်စုံ နေတာကိုး”ဟု သုံးသပ် ပြောကြားသည်။ အဆိုပါ စစ်တမ်းတွင် Facebook မပေါ်ပေါက် မီကာလက Friendster၊ Hi5 အစ ရှိသည့် Social Networking Site များ ခေတ်စား ခဲ့ပြီး၊ ယခု အခါတွင်မူ ယင်း Social Networking Site များ၏ သုံးစွဲသူ ဦးရေမှာ ယခင် ကထက် လျော့နည်း သွားပြီ ဖြစ်ကြောင်း ဖော်ပြ ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ကျင်းပခဲ့သော အဆိုပါ Barcamp Yangon 2010 သို့ စိတ်ဝင်စားသူ ၂၀၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ Barcamp ဆိုသည်မှာ သတင်း အချက် အလက် နှင့် နည်းပညာ ဆိုင်ရာ မည်သည့် အကြောင်း အရာကို မဆို၊ မည်သူ မဆို လွတ်လပ်စွာ ဆွေးနွေး၊ ဖလှယ်၊ တင်ပြ နိုင်သည့် နည်းပညာ ဆိုင်ရာ ဆွေးနွေး ဖလှယ် ပွဲကြီး တစ်ခု ဖြစ်ပြီး နိုင်ငံတကာတွင် (နိုင်ငံအလိုက်) ကျင်းပ နေသော ပွဲတစ်ခု ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါ သည်။

၂၄ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats