ပုံမှန် အားဖြင့် ကမ္ဘာ့ ရွှေဈေး၏ အောက်တွင်သာ လပေါင်း များစွာ ကြာအောင် တည်ရှိ နေခဲ့သော မြန်မာ့ ရွှေဈေးသည် ယခု မတ်လ လယ်ပိုင်းတွင် ကမ္ဘာ့ ရွှေဈေး နှင့် တူညီသော ဈေးနှုန်း အခြေ အနေသို့ ရောက်ရှိ သွားကြောင်း ရန်ကုန် သီးသန့်ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။ မြန်မာ့ ရွှေဈေးသည် ကမ္ဘာ့ ရွှေဈေး အောက်တွင် တစ်ကျပ် သားလျှင် ငွေကျပ် ငါးထောင်မှ တစ်သောင်းကျပ် အထိအမြဲ လိုလို နိမ့်ကျ နေခဲ့ရာမှ ယခုကဲ့သို့ဈေးနှုန်း တူညီ လာခြင်း ဖြစ်သည်ဟု ရန်ကုန် ရွှေကုန်သည်ကြီး တစ်ဦးက ပြောကြားသည်။
မြန်မာ့ ရွှေဈေးနှင့် ကမ္ဘာ့ ရွှေဈေး တူလျက် ရှိသော်လည်း ပြည်တွင်း ရွှေဈေး ကွက်တွင် ရွှေ အရောင်း အဝယ်မှာ နည်းပါး လျက်ရှိပြီး ရွှေရောင်း လိုသူမှာ နည်းပါးလျက် ရှိကြောင်း၊ နယ်ဝယ်လိုအား မှာလည်း နည်းပါးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်း အထွေထွေ အတွင်းရေးမှူးက ပြောဆိုသည်။ ''နိုင်ငံ တကာ ဈေးနဲ့ ပြည်တွင်း ဈေးက တူနေတော့ နယ်ဝယ် အားလည်း သိပ် မရှိလှဘူး။ အရောင်း အဝယ် ကတော့ စာမေးပွဲ ကာလ ဖြစ်တာ ရောကြောင့် ခပ်ပါးပါးပဲ အရောင်း အဝယ် ရှိတယ်'' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ လတ်တလော ဈေးကွက်တွင် မတ်လ ၁၆ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ် ၅၉၆,၅ဝဝ သာ ရှိပြီး ရွှေဈေးနှုန်း သည် ၅၉၆,ဝဝဝ ကျပ် နှင့် ၆ဝဝ,ဝဝဝ ကျပ် အကြား အပြောင်း အလဲ အတက် အကျ ဖြစ်ပေါ်လျက် ရှိသည်။
ရန်ကုန် အခြေစိုက် နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်တွင် အမေရိကန် ဒေါ်လာနှင့် အက်ဖ်အီးစီ ဈေးနှုန်းများ အနည်းငယ်သာ အပြောင်း အလဲရှိပြီး အမေရိကန် တစ်ဒေါ်လာ မြန်မာငွေ ၁ဝဝ၁ ကျပ်၊ အက်ဖ်အီးစီ တစ်ယူနစ် ၁ဝဝဝ ကျပ် ဝန်းကျင်သာ ရှိပြီး ပို့ကုန် ရငွေ အမေရိကန် တစ်ဒေါ်လာ ၁၁ဝဝ ကျပ် ဝန်းကျင်တွင် ရှိနေပြီး ဝယ်သူ ထက်ရောင်း သူက များပြားလျက် ရှိသည်ဟု ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။ ကမ္ဘာ့ ရွှေဈေးမှာ မတ်လ ၁၇ ရက်နေ့ နံနက် ပိုင်းက ရွှေတစ်အောင်စ အမေရိကန် ဒေါ်လာ၁ ၁၂၈ ဈေးဖြစ် ပေါ်လျက် ရှိပြီး ဈေးအနည်းငယ် မြင့်တက်လျက် ရှိကြောင်း နိုင်ငံတကာ စီးပွားရေး ဈေးကွက် သတင်း အချက် အလက် များအရ သိရှိ ရကြောင်း မတ်လ (၂၂) ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၂၄ . ၃ . ၂၀၁၀
|

0 comments:
Post a Comment